ပေါက်မြို့နယ် အင်းတော ကျေးရွာ ရွာတွင်းလမ်း ပြုပြင်မှု လူထု စစ်ဆေးပွဲ ပြုလုပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းမှာ ပေါက်မြို့နယ် အင်းတော ကျေးရွာ အုပ်စု အင်းတော(တောင်)စု ကျေးရွာမှာ ရွာတွင်းလမ်းကို မြေထိန်းနံရံ ပြုပြင်ခြင်း ဆောင်ရွက် ပြီးစီးသွားတဲ့အတွက် စီမံကိန်း လုပ်ငန်းခွဲတွေရဲ့ လုပ်ငန်း ဆောင်ရွက်မှုနဲ့ ငွေကြေး သုံးစွဲမှုတွေကို လူထု စစ်ဆေးပွဲကို ဇူလိုင်လ ၂၁ ရက်နေ့ မနက်ပိုင်းက အင်းတော(တောင်)စု ကျေးရွာမှာ တာဝန်ကျ စီမံကိန်း ဝန်ထမ်းတွေနဲ့ ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်တွေက ဦးဆောင်ပြီး၊ ကျေးရွာ အတွင်းမှာ လှည့်လှည်ဆောင်ရွက်ကြရာ လူထု ဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး ဦးသိန်းဇော်၊ မြို့နယ် နည်းပညာ အကြံပေး ကျား-မ ရေးရာ တာဝန်ခံ ဦးမျိုးဝင်းထွန်း၊ ဝယ်ယူရေး တာဝန်ခံ ဦးသွင်ထူးအောင်တို့က လိုက်ပါ ကြီးကြပ်ပေးတယ်လို့ သိရပါတယ်။

 

လုပ်ငန်းတွေ အပေါ်မှာ စိတ်ကျေနပ်မှု အပေါ်မှာ အိမ်ထောင်စုပေါင်း ၄၅ စုမှ လုပ်ငန်းစဉ်ကို အလွန် ကျေနပ်မဲ ၅၅ မဲနဲ့ ကျေုနပ်မဲ ၅ မဲ၊ လုပ်ငန်း တစ်ခုလုံး ပြီးဆုံး အောင်မြင်ချိန် ရလာဒ်မှာ အလွန်ကျေနပ်မဲ ၅၈ မဲ၊ ကျေနပ်မဲ ၂ မဲ ရရှိပြီး၊ လူထု စစ်ဆေးပွဲ ရလာဒ်တွေကို ကြော်ငြာသင်ပုန်းမှာ ကြေညာ ပေးခဲ့တယ်လို့ သိရပါတယ်။

 

သတင်း - ဉာဏ်တိုး (ပေါက်)

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank