လူထု ဗဟိုပြု စီမံကိန်းမှ တွန်းဇံ မြို့နယ် ဖွန်တုန်ကျေးရွာ မူလတန်းကျောင်း ဆောက်လုပ်ပြီးစီးမှု လူထု စစ်ဆေးပွဲ ကျင်းပ

Social Audit Conducted for NCDDP’s Primary School Construction in Tongzang

Chin, 7 December 2020, SkyNet Media Coverage

 

ချင်းပြည်နယ် ဖလမ်းခရိုင် တွန်းဇံ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) မှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ ဆာလ်ဇန် ကျေးရွာ အုပ်စု ဖွန်တုန်ကျေးရွာ မူလတန်းကျောင်း ဆောက်လုပ်ခြင်း လုပ်ငန်း ပြီးစီးဆောင်ရွက်မှုကို ဒီဇင်ဘာလ ၅ ရက်နေ့မှာ စီမံကိန်း နည်းပညာ အကြံပေး အဖွဲ့ဝင်တွေနဲ့ တာဝန်ကျ လူထု စည်းရုံးရေးမှူးနဲ့ လက်ထောက် နည်းပညာမှူးတွေက ကျေးရွာ ကော်မတီဝင် လူထု တွေနဲ့အတူ လူထု စစ်ဆေးပွဲ ဆောင်ရွက် ပြုလုပ်ခဲ့ပါတယ်။

လူထု စစ်ဆေးပွဲမှာ နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာထွန်းက ကိုဗစ်-၁၉ ကာလ အတွင်း ကျန်းမာရေး ဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျည်း စည်းကမ်း လမ်းညွှန်ချက်တွေနဲ့ အညီ လူထု စစ်ဆေးပွဲ ကျင်းပ နိုင်ဖို့အတွက် လူထု စစ်ဆေးပွဲနှင့် ပတ်သတ်ပြီး၊ လူထု ဗဟိုပြု စီမံကိန်း လုပ်ထုံး လုပ်နည်းတွေ အတိုင်း ဆောင်ရွက် ပြုလုပ်သွားရမယ့် လမ်းညွှန်ချက်တွေကို ရှင်းလင်းဝေမျှ ခဲ့ပါတယ်။

အဲဒီနောက် ကျေးရွာ အုပ်ချုပ်ရေးမှူးက အဖွင့် အမှာ စကား ပြောကြားခဲ့ပြီး၊ တာဝန်ကျ လက်ထောက်နည်းပညာမှူးနဲ့ လူထု စည်းရုံးရေးမှူးတို့က လူထု စစ်ဆေးပွဲ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ကြပြီး၊ ဝယ်ယူရေး၊ ဘဏ္ဍာရေး၊ စောင့်ကြည့် ကြီးကြပ်ရေး၊ ဝေဖန် အကြံပြု တိုင်ကြားချက် ဖြေရှင်းရေး၊ လည်ပတ် ပြုပြင် ထိန်းသိန်းရေးနှင့် လူထု ပူးပေါင်း ပါဝင်ရေး ကဏ္ဍတွေကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျေးရွာ ကော်မတီဝင်တွေက ရှင်းလင်း ပြောကြားခဲ့ပြီး၊ စီမံကိန်း လုပ်ငန်း ပြီးစီးဆောင်ရွက်မှု အတွင်း ကြုံတွေ့ရတဲ့ အခက်အခဲတွေ အားနည်းချက်တွေ အောင်မြင်မှုနဲ့ အကြံပြုချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီနောက် စီမံကိန်း လုပ်ငန်းခွဲနဲ့ လုပ်ငန်းစဉ်ရဲ့ ရလာဒ် အပေါ် ကျေးရွာ ကော်မတီဝင်တွေက မဲပေးခြင်း၊ ကျေးရွာနေ ပြည်သူလူထုရဲ့ ဆန္ဒမဲတွေကို တစ်အိမ်တက်ဆင်း ကောက်ခံ ယူခြင်းတွေ ပြုလုပ်ခဲ့ကာ ကျေးရွာ လူထု အများသိစေဖို့ အတွက် လော်စပီကာနဲ့ ကြေညာခြင်း၊ ကျေးရွာ ကြော်ငြာသင်ပုန်းမှာ အချက်အလက်တွေ ကပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပါတယ်။

အဒီ မူလတန်း ကျောင်းဆောင် ဆောက်လုပ်ခြင်း လုပ်ငန်းမှာ အလျား ပေ ၆၀၊ အနံ ပေ ၃၀၊ အမြင့် ၁၂ ပေ ရှိပြီး၊ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ၂၂ ဒသမ ၃၅ ကျပ်သန်းနဲ့ လူထု ထည့်ဝင်ငွေ သုည ဒသမ ၃၂ ကျပ်သန်းနဲ့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။

သတင်း - ဦးဇော်ဝင်း (CSAGS)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage