လှိုင်းဘွဲမြို့နယ်ရှိ လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများကို တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

NCDDP’s Sub-project Activities in Hlaingbwe Monitored by Respective Officials

Kayin, 23 November 2020, SkyNet Media Coverage

 

ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူး ဦးစတင့်ဝေနှင့် တာဝန်ရှိသူတွေက နိုဝင်ဘာလ ၂၁ ရက်နေ့က ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးဌာနက ကမ္ဘာ့ဘဏ် အကူအညီနဲ့ လှိုင်းဘွဲ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) မှာ စီမံကိန်း ထောက်ပံ့ငွေ သိန်း ၂၀၀ နဲ့ အကောင် အထည်ဖော် ဆောင်ရွက်နေတဲ့ အင်းနို့သိပ္ပံ ကျေးရွာ အုပ်စု အတွင်းမှ ထော်ရွဲကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း (အရှည် ၁၃၀၀ပေ X အကျယ် ၁၂ပေ X ထု ၆လက်မ) နဲ့ ကျွန်းတော ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း (အရှည် ၁၃၀၀ပေ X အကျယ် ၁၂ပေ X ထု ၆လက်မ) လုပ်ငန်းတွေ ဆောင်ရွက်ထားရှိမှု အခြေအနေတွေကို ကြည့်ရူစစ်ဆေး ခဲ့ပြီး ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီတွေနဲ့ တွေ့ဆုံပြီး၊ လုပ်ငန်းတွေ ရေရှည် တည်တံ့ ခိုင်မြဲအောင် လည်ပတ် ထိန်းသိမ်းရေး အစီအစဉ်တွေကို စနစ်တကျ ဆောင်ရွက်ကြဖို့ ဆွေးနွေး မှာကြားတယ်လို့ သိရပါတယ်။

 

သတင်း - ခင်စန်းမြင့် (ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage