ဆောမြို့နယ် အညာပန်းပလွန်း ကျေးရွာ စီမံကိန်း လုပ်ငန်းခွဲများအား ကွင်းဆင်းကြည့်ရှု့

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်း ဒေသကြီး ဂန့်ဂေါ ခရိုင် ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အီတလီ ချေးငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) ကျေးရွာ ဖြစ်တဲ့ အညာပန်းပလွန်းကျေးရွာကို စီမံကိန်း လုပ်ငန်းခွဲဆောင်ရွက်မှု ကွင်းဆင်း စစ်ဆေးခြင်း အစီအစဉ်ကို ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်မြဆန်းလင်း၊ ဆောမြို့နယ် လူထုဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါ်နီနီလွင်နဲ့ CSAG နည်းပညာအကြံပေး အဖွဲ့ဝင် ဦးရှု့မောင်တို့ ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးတယ်လို့ သိရပါတယ်။

ကွင်းဆင်း စစ်ဆေးခြင်း အစီအစဉ်မှာ လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေကျပ် သိန်း ၁၅၀ နဲ့ ဆောင်ရွက်လျက်ရှိတဲ့ အိမ်တိုင်ရာရောက် ရေပေးဝေခြင်း လုပ်ငန်းခွဲနဲ့ လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေကျပ် သိန်း ၁၀၀ နဲ့ ဆောင်ရွက်လျက် ရှိတဲ့ မီးကြိုးမီးတိုင် အဆင့်မြင့်တင်ခြင်း လုပ်ငန်းတွေကို ကြည့်ရှု့စစ်ဆေးကြပြီး၊ လိုအပ်ချက်တွေကို ကူညီ ညှိနှိုင်းဆောင် ရွက်ပေးတယ်လို့ သိရပါတယ်။

အဲဒီ လုပ်ငန်းခွဲတွေ အချိန်မှီ ပြီးစီးနိုင်ဖို့အတွက် ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်တွေနဲ့ တွေ့ဆုံခဲ့ပြီး၊ လုပ်ငန်းဆောင်ရွက်ရာမှာ တွေ့ကြုံလျက် ရှိတဲ့ အခက်အခဲတွေကို ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြတယ်လို့ သိရပါတယ်။

 

သတင်း - ရှု့မောင်

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank