မိုးကောင်းမြို့နယ် လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများအား ကြည့်ရှု့ စစ်ဆေး

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ စီမံကိန်း လုပ်ငန်းခွဲတွေ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို မေလ ၁၉ ရက်နေ့က မြို့နယ် ဦးစီးမှူး ဦးမြသိန်းဝင်း၊ ပြည်နယ် အင်ဂျင်နီယာ ဦးဇင်ဖြိုးအောင်တို့က မြို့နယ် လူထု ဗဟိုပြု စီမံကိန်း တာဝန်ခံများနဲ့အတူ မရမ်းကျေးရွာ၊ လမ်းခွကျေးရွာ၊ မြို့သစ်ကြီးကျေးရွာ၊ ကံလှကျေးရွာ၊ မြတောင်ကျေးရွာ၊ သူဌေးကုန်းကျေးရွာ၊ ရေရှင်စံ ပါရီကျေးရွာတို့မှာ ခန်းမနှင့်ခန်းမဆက်စပ်လုပ်ငန်းများ တည်ဆောက်ပြီးစီးမှုကို လည်းကောင်း၊ နန့်လှိုင်ကျေးရွာတွင် ကွန်ကရစ်လမ်းဆောင်ရွက်ပြီးစီးမှု၊ လေးမိုင်ကျေးရွာမှာ စာသင်ကျောင်း ခြံစည်းရိုး ကာရန်ခြင်း ဆောင်ရွက်ပြီးစီးမှု၊ အောက်ရေရှင် ကျေးရွာ စာကြည့်တိုက်ဆောင်ရွက်ပြီးစီးမှုတို့ကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်။

 

မိုးကောင်းမြို့နယ် လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ ကျေးရွာ ၇၉ ရွာမှာ စီမံကိန်း လုပ်ငန်းခွဲပေါင်း ၁၁၁ ခုကို ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းခွဲ ၅၁ ခုမှာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ပါကြောင်း၊ ကျန်လုပ်ငန်းခွဲ ၆၀ ကိုလည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ Covid-19 ရောဂါ ကာလအတွင်း ထုတ်ပြန်ချက်များကို လိုက်နာကာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ လုပ်ငန်းခွဲများ ပြီးစီးတဲ့ ကျေးရွာများမှာ လူထု စစ်ဆေးပွဲကို ရုံးချုပ်ရဲ့ ညွှန်ကြားချက်များနဲ့ အညီ ဆောင်ရွက်သွားနိုင်ရန်အတွက် စာရင်း ဇယားများကို ဖြည့်သွင်းလျက် ရှိပါကြောင်းနဲ့ စတုတ္ထနှစ် စက်ဝန်းမှာ ကျေးရွာအုပ်စု ၃၆ အုပ်စု ကျေးရွာ ပေါင်း ၇၉ ရွာအတွက် စီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ် ၁၆၂၃ သန်းဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း Team Leader ဒေါ်အေးအေးလင်း ထံကနေ သိရပါတယ်။

 

သတင်း - ဧဧလေး

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank