လူထု ဗဟိုပြု စီမံကိန်းမှ ကော့ကရိတ် မြို့နယ် တောင်ကမ္မရိုက် ကျေးရွာနှင့် ကော့ကသောင် ကျေးရွာတို့တွင် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်

NCDDP’s Village Concrete Streets Construction Kicked Off in Taung Kan Ma Yaik and Kawt Ka Thaung Villages of Kawkareik

Kayin, 24 December 2020, SkyNet Media Coverage

 

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် တောင်ကမ္မရိုက် ကျေးရွာ အုပ်စု တောင်ကမ္မရိုက် ကျေးရွာနဲ့ ကျုံဒိုး ချောင်းဖျား ကျေးရွာ အုပ်စု ကော့ကသောင် ကျေးရွာတို့မှာ လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်၀န်း) မှာ ရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းကိုတော့ ဒီဇင်ဘာလ ၂၀ ရက်နေ့က စတင် ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

တောင်ကမ္မရိုက် ကျေးရွာအတွက် စီမံကိန်းမှ ထောက်ပံ့ ရန်ပုံငွေကျပ် ၉၆ သိန်းနဲ့ အရှည် ပေ ၅၀၀၊ အကျယ် ၁၂ ပေ၊ အထူ ၆ လက်မနဲ့ ကော့ကသောင် ကျေးရွာ အတွက် စီမံကိန်းမှ ထောက်ပံ့ ရန်ပုံငွေ ကျပ် သိန်း ၂၆၀ နဲ့ အရှည်ပေ ၁၇၂၀၊ အကျယ် ၁၂ ပေ၊ အထူ ၆ လက်မ ဖြစ်ကြောင်း၊ သိရပါတယ်။

လူထု ဗဟိုပြု စီမံကိန်းမှ လက်ထောက် နည်းပညာမှူးများနဲ့ လူထု စည်းရုံးရေးမှူးများ အနီးကပ် ကြီးကြပ်မှု ပေးခြင်း၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နဲ့ မြို့နယ် နည်းပညာ အကြံပေး အဖွဲ့တို့က စနစ် တစ်ကျ လမ်းညွှန်မှု ပေးခြင်း၊ ရပ်ရွာ ပြည်သူလူထု တို့ရဲ့ ပူးပေါင်း ပါဝင်မှုများနဲ့ ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

 

သတင်း - စောဌေးရီ (ကျေးလက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage