မိုးညိုမြို့နယ်လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းခွဲများအား မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့ ကွင်းဆင်းကြည့်ရှုခြင်း

 

               ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဆင်မနိုင်ကျေးရွာအုပ်စု၊ ကူးတိုးကုန်းကျေးရွာ ကျေးရွာတွင်းနှင့် ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်စိုးနှင့် အငယ်တန်းအင်ဂျင်နီယာ-၂ ဦးကောင်းမြတ်ထက်တို့မှ (၂၇.၂.၂၀၁၉)ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုခဲ့ရာ စီမံကိန်းအထောက်အကူပြုကော်မတီဥက္ကဌ ဦးအေးကျော်မှ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

              ၎င်းကွန်ကရစ်လမ်းအား စီမံကိန်းထောက်ပံ့ငွေကျပ် (၃၀၅)သိန်းဖြင့် (၃၄၅၀'x ၆'x ၅'')ဖြင့် ဆောင်ရွက်ရန်လျာထားခဲ့ပြီး ကျေးရွာလူထုမှ လုပ်အားအလှူပါဝင်မှုကြောင့် ပေ(၄၀၀၀)ကျော်ခန့်ပြီးစီးနိုင်မည်ဖြစ်ပါကြောင်းနှင့် လုပ်ငန်းပြီးစီးပါက လူဦးရေ (၃၀၀၀)ကျော်၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့အား အကျိုးပြုစေမည်ဖြစ်ပါကြောင်း စီ/ထောက်ကော်မတီဥက္ကဌနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့မှ ရှင်းလင်းပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။