ရေတာရှည်မြို့နယ်၊ ခင်တန်းလေးကျေးရွာ လူထုစစ်ဆေးပွဲ ကျင်းပပြုလုပ်ခြင်း   

                    

                         ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ခင်တန်းလေးကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်း လူထုစစ်ဆေးပွဲကို (၁၂.၃.၂၀၁၉)ရက်နေ့ နေ့လည် (၁)နာရီအချိန်တွင် ခင်တန်းလေးကျေးရွာ စာသင်ကျောင်းတွင် ကျင်းပပြလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ကျေးရွာအုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူထုစည်းရုံးရေးမှူး ဦးမောင်မောင်ကျော်မှ လူထုစစ်ဆေးပွဲ ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာလူထု (၁၂၀)ဦး တက်ရောက်ခဲ့ပါသည်။

                       ထို့နောက် ကျေးရွာအထောက်အကူပြုကော်မတီဝင်များမှ ၎င်းတို့တာဝန်ယူလုပ်ဆောင်ခဲ့သည့် စာသင်ကျောင်းခြံစည်းရိုးလုပ်ငန်းနှင့်ပတ်သက်၍ ဝယ်ယူရေး၊ ဘဏ္ဍာရေး၊ စောင့်ကြည့်ကြီးကြပ်ရေး၊ လည်ပတ်ထိန်းသိမ်းရေး စသည့် ကဏ္ဍတစ်ခုချင်းစီအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျေးရွာလူထုများမှလည်း စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်နှင့်ရလဒ်များအပေါ် ဆန္ဒမဲပေးကြကာ စီမံကိန်းလုပ်ငန်းအပေါ် အကြံပြုချက်များ ထုတ်ဖော်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။