မတူပီမြို့နယ် လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းခွဲဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေး

ချင်းပြည်နယ်၊ မတူပီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မတူပီမြို့နယ် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းမှ ဟရင်ပီးကျေးရွာအုပ်စု၊ ဟရင်ပီး(က)နှင့် ဟရင်ပီး(ခ)ကျေးရွာတွင် ဆောင်ရွက်လျှက်ရှိသော ကျေးရွာခန်းမဆောင်တည်ဆောက်ခြင်းလုပ်ငန်း၊ ရွာဗားအုပ်စု ရွာဗား(က)ကျေးရွာတွင် ဆောင်ရွက်လျက်ရှိသော မီးလင်းရေး လုပ်ငန်းနှင့် ဟရင်ထန်အုပ်စု၊ ထန်ပီးကျေးရွာတွင် တတိယနှစ်စက်ဝန်း၌ ဆောင်ရွက်လျှက်ရှိသော မီးလင်းရေးလုပ်ငန်းဆောင်ရွက်မှုကို ပြည်နယ်စီမံကိန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆွေးအုပ်နှင့် ပြည်နယ်နည်းပညာအကြံပေး ဦးဝင်းရွှေမောင်၊ ပြည်နယ် အခြေခံ အဆာက်အအုံ တာဝန်ခံ ဦးထန်ခန့်ဂင်၊ ပြည်နယ် အခြေခံ အဆောက်အအုံ လက်ထောက် ဦးချစ်စမ်းမောင်နှင့် မတူပီမြို့နယ် လူထုဗဟိုပြု စီမံကိန်းဝန်ထမ်းတို့မှ မတ်လ ၁၆ ရက်နေ့တွင် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပါသည်။

စီမံကိန်းတာဝန်ခံမှ ကျေးရွာကော်မတီများအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော စီမံကိန်းလုပ်ငန်းခွဲများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် လုပ်ငန်းလည်ပတ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး အစီအစဉ် ရေးဆွဲဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ပါသည်။