ပထမအကြိမ်၊ဒုတိယအကြိမ် အစည်းအဝေးကျင်းပ

လှိုင်းဘွဲ၊ဇွန်လ ၉

          ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)အတွက် ကြို့ချောင်းကျေးရွာအုပ်စု၊ ကြို့ချောင်းကျေးရွာတွင် ပထမအကြိမ်၊ ဒုတိယအကြိမ် ကျေးရွားအစည်းအဝေးများကို ၂၀၁၉ ဇွန်လ ၉က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ပထမအကြိမ်၊ ဒုတိယအကြိမ် ကျေးရွာအစည်းအဝေးများတွင် ကျေးရွာအခြေခံအရင်းအမြစ်များ ဖော်ထုတ်ခြင်း၊ ကျေးရွာအခက်အခဲပြသနာများ ဖော်ထုတ်ခြင်း၊ အနာဂတ်မျှော်မှန်းချက်များဖော်ထုတ်ခြင်း၊ ကျေးရွာများတွင် လုပ်ဆောင်မည့် လုပ်ငန်းခွဲများ ရွေးချယ်ဖော်ထုတ်ခြင်းနှင့် ကျေးရွာစီမံကိန်း အထောက်အကူပြုကော်မတီရွေးချယ်ခြင်းများ ပြုလုပ်ကြောင်းသိရပါသည်။

          ထိုအစည်းအဝေးများကို ကျေးရွာများမှ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ကျေးရွာသူကျေးရွာသားများ တက်ရောက်ခဲ့ကြပြီး လူထုဗဟိုပြုစီမံကိန်း စည်းရုံးရေးမှူးများမှ အစည်းအဝေးများကို ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရပါသည်။