ပျော်ဘွယ်မြို့နယ် ဇီးတောကျေးရွာ အိမ်တိုင်ရာရောက် ရေပိုက်လိုင်း သွယ်တန်းရန် တိုင်းတာမှုများ ဆောင်ရွက်

ပျော်ဘွယ်မြို့နယ် မိုးနံကုန်းအုပ်စု ဇီးတောကျေးရွာမှာ ရေပိုက်လိုင်း သွယ်တန်းတဲ့ လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ Level Survey တိုင်းတာတာကို မတ်လ ၁၇ ရက်နေ့ မနက်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့ပါတယ်။

 

ကွင်းဆင်း တိုင်းတာရာမှာ ပျော်ဘွယ်မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အငယ်တန်း အင်္ဂျင်နီယာ ၂ ဦးညီညီမွန်းလွန်းနဲ့ တာဝန်ရှိသူတွေဟာ စီမံကိန်း ကော်မတီ ဝင်တွေနဲ့ အတူ ဇီးတော ကျေးရွာအတွင်း အိမ်တိုင်ရာရောက် ရေရရှိရေးအတွက် ရေပိုက်လိုင်းသွယ်ယူရမယ့် ပိုင်လိုင်း အရှည် တိုင်းတာတာ အပြင် ကျေးရွာ မြေပုံတွေ ရေးဆွဲတာ မြေပြင် အချက်အလက်တွေ ကောက်ယူတာနဲ့ မြေပြင် အနိမ့်အမြင့် Level Survey တိုင်းတာတာတွေကို ဆောင်ရွက်ခဲ့ပါတယ်။

 

သတင်း - ဖြိုးထက်အောင် (ပျော်ဘွယ်)

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank