CDD စီမံကိန်း (ဒုတိယနှစ်စက်ဝန်း) လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

သဲကုန်း ဇူလိုင် ၉

 

ပဲခူးတိုင်း​ဒေသကြီး၊ ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း ဒုတိယညွှန်ကြားရေးမှူး ​ဒေါ်​ချောစုဇံနှင့် သဲကုန်းမြိုနယ် DRD/TTA စီမံကိန်းဝန်ထမ်းများနှင့်အတူ ယမန်နေ့က လုပ်ငန်းခွဲ​ဆောင်ရွက်​နေမှုများကို ကွင်းဆင်း ကြည့်ရှုခဲ့သည်။

 

ထိုကဲ့သို့ ကွင်းဆင်းကြည့်ရာတွင် လောင့်ကြီးကျေးရွာအုပ်စု၊ ရွာလှကျေးရွာ စက်ရေတွင်းတူးဖော်ခြင်း၊ ၂၀ ပေအမြင့်ရေစင် လုပ်ငန်းအတွက် စက်​ရေတွင်းတူး​ဖော်ခြင်းအား ဘနည်းပညာ​ရေထွက်နှုန်း ကြည့်ပြီးမှ ပိုက်ချရန်၊ ​ရေထွက်နှုန်း​ကောင်းမ​ကောင်း ​ရေ result စစ်ပြီးမှ ​ရေစင် ​ရေစက်ရုံ တည်​ဆောက်ရန်၊ သင်တော၊ မကျီးဇင် ရွာချင်းဆက်မြေနီလမ်း လမ်းလိပ်​ကျောခုံးပုံ သဏ္ဍာန်​ပေါ်​​စေရန်၊ လှိုင်းထ​နေ​သော​နေရာများ ညှိပြီး လမ်း​ဘေးပါးခုံများ အနားလုံးတင်၍ ကြိတ်ရန်မှာကြားခဲ့ပြီး ​ကျေးရွာ​အမျိုးသား/ သမီး​ကော်မတီ​ခေါင်း​ဆောင်များနှင့် ​တွေ့ဆုံ၍ အခက်ခဲများ၊ ​ကြိုးပမ်း​ဆောင်ရွက်မှုများ၊ ​ အောင်မြင်မှု များကို အပြန်အလှန် ရင်းရင်းနှီးနှီးစွာ​ ဆွေးနွေးခဲ့သည်။

 

ဆက်လက်ပြီး ဒုညွှန်မှူးနှင့်အဖွဲ့သည် သဲကုန်းမြို့နယ်၊ ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန၏ ​ဆောက်လုပ်​နေ​သော CDD စီမံကိန်းဝန်ထမ်းများ အသုံးပြုနိုင်ရန် တိုးချဲ့​ဆောင်အား ကွင်းဆင်း ကြည့်ရှု၍ တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီအား အဆောက်အဦး လုပ်ငန်းလုပ်​ဆောင်ခြင်းအ​ပေါ် တိုးတက်မှုအ​ခြေအ​နေ အားနည်း၍ ဇူလိုင်လ ဒုတိယပတ်အတွင်း တိုင်ထောင်ပြီးစီးသည်အထိ လုပ်ငန်း တိုးတက်မှုအ​ခြေအ​နေကို ပြန်လည်စစ်​ဆေးသွားမည်ဖြစ်​ကြောင်း မှာကြားခဲ့ပြီး ပြန်လည်ထွက်ခွာသွား ကြောင်း သိရှိရသည်။

 

နိုင်လင်း(ပြန်/ဆက်)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/9/07/2020/id-23336