ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ် ၊လူထုဗဟိုပြုစီမံကိန်းမှ Internatoinal Women 's Campaign ဆောင်ရွက်မှုအခြေအနေများ

   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းမှ မတ်လ (၈) ရက်နေ့တွင်  ကျရောက်သောအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနား ကို နံနက် (၉:၀၀)နာရီမှ နေ့လည် (၂:၀၀) အထိ ကျင်းပပြုလုပ်ရာ သာပေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်မာစိုးမှ အဖွင့်အမှာစကားပြောကြား၍ ၊ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးသက်မင်းထွန်း ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာများမှ ဖိတ်ကြားထားသော ကိုယ်စားလှယ်များ စုစုပေါင်းလူဦးရေ (၃၀၀) ကျော် တက်ရောက်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးတာ အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ပါသည်။