ဆီဆိုင်မြို့နယ် လူထု ဗဟိုပြု စီမံကိန်းလုပ်ငန်းခွဲတွေကို ကြည့်ရှု့စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ပအို့ဝ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဆီဆိုင်မြို့နယ် လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ ဇွန်လ ၂ ရက်နေ့က ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရှမ်းပြည်နယ် လူထု ဗဟိုပြု စီမံကိန်းရုံး Head of Office (1) လက်ထောက် ညွှန်ကြားရေးမှူး ဦးခွန်မြင့်သောင်းနဲ့ State Infra ဦးဘိုဘိုဟန်၊ ဦးအောင် ဇော်မြင့်တို့က ဆီဆိုင်မြို့နယ် လူထု ဗဟိုပြု စီမံကိန်း ဝန်ထမ်းတွေနဲ့ တွေ့ဆုံ စည်းဝေး ပြုလုပ်ပြီးနောက် ကျေးရွာ တွေကို ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

 

ကွင်းဆင်း စစ်ဆေး ကြည့်ရှု့တဲ့ ကျေးရွာတွေမှာ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်ခြင်း လုပ်ငန်း၊ ဆရာ ဆရာမ နားနေဆောင် တည်ဆောက်ခြင်း လုပ်ငန်း၊ စင်မြင့် ရေလှောင်ကန်နဲ့ ရေပိုက်သွယ်တန်းခြင်း လုပ်ငန်း၊ RC ကွန်ကရစ် တံတား တည်ဆောက်ခြင်း လုပ်ငန်းတွေကို ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးပြီးတော့ လုပ်ငန်းတွေ သတ်မှတ်ထားတဲ့ စံချိန် စံညွှန်းတွေနဲ့ အညီ ဆောင်ရွက်နိုင်ရေးတို့ကို လမ်းညွှန် မှာကြားတယ်လို့ သိရပါတယ်။

 

သတင်း- တင်အောင်မိုးမြင့်

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank