(၆၈)နှစ်မြောက် ကယားပြည်နယ်နေ့ မုခ်ဦးဖွင့်ပွဲနှင့် လူထုဗဟိုပြုစီမံကိန်း သတင်းအချက်အလက်များဖြန့်ဝေခြင်း



ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျရောက်သော (၆၈)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ

ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။ ကယားပြည်နယ်နေ့အား ဂုဏ်ပြုသောအားဖြင့် ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်

လူထုဗဟိုပြုစီမံကိန်း ပြခန်း၌ စီမံကိန်းတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ၊ ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊

ကျေးရွာလူထုမှ ပူးပေါင်းပါဝင်မှုများစသည့် မှတ်တမ်းဓါတ်ပုံများပြသခြင်း၊ စီမံကိန်းမှ အကောင်အထည်ဖော်ဆောင်ရွက်သောလုပ်ငန်းများအား

ပုံစံငယ်ဖြင့်ပြသခြင်း၊ ပွဲတော်သို့လာရောက်လည်ပတ်ကြသော ဧည့်သည်တော်များအား စီမံကိန်းနှင့်ပတ်သက်သော အချက်အလက်များမေးမြန်းခြင်းနှင့်

အမှတ်တရ လက်ဆောင်ပေးခြင်းများပြုလုပ်ခဲ့ပါသည်။