အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပ

မတ် ၈ လှိုင်းဘွဲမြို့

"ခွင့်တူညီရေးစဉ်းစားလို့ စွမ်းမြှင့်ရေး အလေးပေးဖို့၊ ပြောင်းလဲမှုကို ဖန်တီးစို့"

          ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ အပြည်ပြည်ဆိုင်ရာအမျိုးသမီး များနေ့အခမ်းအနားကို ၂၀၁၉ ခုနှစ် မတ်လ ၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောအောင်မျိုးမြင့်နှင့် လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါ်နူးနူးအောင်တို့မှ အမျိုးသမီး များနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ လူထုဗဟိုပြုစီမံကိန်းလုပ်ဆောင်မှုများနှင့် စီမံကိန်း တွင် အမျိုးသမီးများပါဝင်မှု၊ အခန်းကဏ္ဍများ၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဖြစ်ပေါ် လာပုံသမိုင်းကြောင်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ထို့နောက် တက်​ရောက်လာသူများအား အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့နှင့်ဆိုင်သော မှတ်တမ်းဗီဒီယိုအား ပြသ၍ စုပေါင်းအမှတ်တရ မှတ်တမ်းဓါတ်ပုံရိုက်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ လူထုဗဟိုပြုစီမံကိန်းကော်မတီဝင်များ၊ အမျိုးသမီးကွန်ယက်အဖွဲ့ဝင်များ၊ မြစိမ်းရောင် ကော်မတီဝင်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ ကြောင်း သိရသည်။