မြို့နယ်အဆင့် ဝယ်ယူရေးဆိုင်ရာ မွမ်းမံ သင်တန်း မိုင်းခတ်မြို့နယ်တွင် ပို့ချ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းခတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်း မြို့နယ်အဆင့် ဝယ်ယူရေးဆိုင်ရာ မွမ်းမံ သင်တန်းကို ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလ ၄ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

 

အဆိုပါ သင်တန်းကို မိုင်းခတ်မြို့နယ် လူထု ဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေးအဖွဲ့မှ ဝယ်ယူရေး တာဝန်ခံ ဦးအောင် သူရဦး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးရန်နိုင်ထူးတို့က လက်ထောက် နည်းပညာမှူး၊ လူထုစည်းရုံးရေးမှူးများကို ပို့ချပေးခဲ့တာ ဖြစ်ပါတယ်။

 

သင်တန်းရည်ရွယ်ချက်မှာ စီမံကိန်း လုပ်ငန်းခွဲများ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ကျေးရွာအဆင့် ဝယ်ယူရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်တတ်လာစေရေး၊ ပွင့်လင်းမြင်သာသော လုပ်ငန်းစဉ် ဖြစ်ပေါ်လာစေရန်နှင့် ကျေးရွာအဆင့် ဝယ်ယူရေး ကော်မတီဝင်များအား ပံ့ပိုးကူညီ သွားရန် ဖြစ်ပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank