ဝိုင်းမော် မြို့နယ်တွင် လူထု ဗဟိုပြု စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး မိတ်ဆက် ရှင်းလင်း အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

NCDDP’s Socializatoin Workshop Organized for Project Implementation in Waingmaw

Kachin, 3 December 2020, MOI Webportal

 

ကချင်ပြည်နယ် မြစ်ကြီးနား ခရိုင် ဝိုင်းမော် မြို့နယ်တွင် လူထု ဗဟိုပြု စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး မိတ်ဆက် ရှင်းလင်း အလုပ်ရုံ ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၃ ရက် မနက် ၉ နာရီခွဲ အချိန်တွင် ဝိုင်းမော် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဆမား ခန်းမ၌ ကျင်းပခဲ့ပါတယ်။

အဆိုပါ အခမ်းအနားကို Online ဖြင့် ကချင်ပြည်နယ် အစိုးရ အဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ဝန်ကြီး ဦးကျော်ကျော်ဝင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းတို့က အမှာ စကား ပြောကြားပြီး၊ ကမ္ဘာ့ဘဏ် ရုံးမှ ဦးစိုင်းရာဇာထွန်းက လည်း မိတ်ဆက် စကား ပြော ကြားခဲ့ပါတယ်။

ဆက်လက်၍ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှခိုင်မှ စီမံကိန်း အကြောင်း သိကောင်းစရာ Video ကို Projector ဖြင့် ပြသရှင်းလင်းခဲ့ပြီး၊ အခမ်းအနားကို တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းပြီး တာဝန်ရှိသူ အသီးသီးက Online မှ တစ်ဆင့် ပြန်လည် ဖြေကြားခဲ့ပါတယ်။

လူထု ဗဟိုပြု စီမံကိန်း နှင့် ပတ်သတ်၍ ဝိုင်းမော် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးအောင်ကလည်း ယခုလို ပြောကြားခဲ့ပါတယ်။

“ကျနောက် ဝိုင်းမော် မြိုနယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးအောင် ဖြစ်ပါတယ်၊ လူထု ဗဟိုပြု စီမံကိန်း မိတ်ဆတ်ရှင်းလင်း ခြင်း အခမ်းအနားကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ ဒီမြို့နယ်မှာ ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေ၊ မြို့နယ် စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ (TPIC) အဖွဲ့ နဲ့ NGOs အဖွဲ့အစည်းတွေ၊ CSOs တွေကို ကျနော်တို့ စီမံကိန်းက ဘယ်လို လုပ်တယ် ဆိုတာကို သိရှိဖို့အတွက် ဒီစီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်းကို ပြုလုပ်ရခြင်း ဖြစ်ပါတယ်။”

အဆိုပါ အခမ်းအနားကို ကချင်ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် ခရိုင် မြို့နယ် အဆင့် ဌာန ဆိုင်ရာများ NGOs အဖွဲ့အစည်းများက တက်ရောက်ခဲ့ကြပါတယ်။

 

သတင်း - ဝိုင်းမော်မြို့နယ်(ပြန်/ဆက်)

IPRD Waing Maw

https://www.facebook.com/114660430232567/videos/734048147468616