ဆောမြို့နယ် လူထုဗဟိုပြု စီမံကိန်း ချီချောင်း ဂုဏ်ဆောင် ကြိုးတံတား ဖွင့်လှစ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက

ဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လူထုဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းမှာ ဆောင်ရွက်ခဲ့တဲ့ ချီချောင်း ဂုဏ်ဆောင်

ကြိုးတံတား ဖွင့်ပွဲကိုတော့ ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီ ၈ ရက်နေ့မှာ လေးကျေးရွာမှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို မကွေးတိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ မကွေးတိုင်း ကျေးလက်ဒေသ

ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်၊ ဆောမြို့နယ် မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်၊

မကွေးတိုင်း လူထုဗဟိုပြု စီမံကိန်း တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းထိုက်ဇော်၊ ဂန့်ကော ခရိုင် ကျေးလက် ဒေသက

ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းအောင်နဲ့ ဆောမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်မိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး၊

စီမံကိန်း ကျောက်စာတိုင်ကို အမွှေး နံသာရည်တွေနဲ့ ပက်ဖျန်းကာ တံတားကို လှည့်လည် ကြည့်ရှုခဲ့ပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank