လူထုဗဟိုပြုစီမံကိန်း ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း ထီးလင်းမြို့နယ်တွင် ကျင်းပ

မကွေးတိုင်း ဒေသကြီး ဂန့်ကောခရိုင် ထီးလင်း မြို့နယ်အတွင်း လူထုဗဟိုပြုစီမံကိန်း ဝန်ထမ်းတွေ လုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းကို ဇန်နဝါရီလ ၂၉ ရက် မနက် ၉ နာရီ ခွဲက ထီးလင်းမြို့နယ် လူထု ဗဟိုပြု စီမံကိန်းရုံး အစည်းအဝေးခန်းမမှာ ကျင်းပပါတယ်။

 

သင်တန်းဖွင့်ပွဲမှာ ထီးလင်းမြို့နယ် လူထု ဗဟိုပြု စီမံကိန်းရုံးမှ နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် ဦးတင်ဝင်းက သင်တန်းဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်တွေကို ရှင်းလင်းပြောကြားပြီး၊ သင်တန်း နည်းပြအဖွဲ့က သင်ကြားပို့ချပေးမယ့် လူထုဗဟိုပြု စီမံကိန်းဆိုင်ရာ လုပ်ငန်းတွေကို ဆွေးနွေးပြောကြားပါတယ်။

 

သင်တန်းကို ဇန်နဝါရီလ ၂၉ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ၂ ရက်ကြာ သင်တန်းသားဦးရေ ၃၆ ဦးကို လူထုဗဟိုပြု စီမံကိန်းဆိုင်ရာ လုပ်ငန်းတွေ အကြောင်း စာတွေ့လက်တွေ့ သင်ကြား ပို့ချတာဖြစ်ကြောင်း ထီးလင်းမြို့နယ် လူထု ဗဟိုပြု စီမံကိန်းရုံးမှ နည်းပညာ အကြံပေး ဝေဖန်အကြံပြု တိုင်ကြားဖြေရှင်းရေး တာဝန်ခံ ဦးကျော်ဇေယျထံမှ သိရပါတယ်။

 

သတင်း - ရဲဝင်းနိုင် (ညောင်ဦး)

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank