တန့်ယန်းမြို့နယ် ခိုးယောင်းကျေးရွာ၌ လူထုဗဟိုပြု စီမံကိန်း ကျေးရွာအဆင့် မိတ်ဆက်ပွဲကျင်းပ

Village Level Socialization Meeting Organized in Tangyan

Shan, 24 December 2020, Myanmar Digital News

တန့်ယန်း၊ ၂၄ ဒီဇင်ဘာ

 

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး ခရိုင်၊ တန့်ယန်း မြို့နယ်၌ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာဘဏ် တို့ ပူးပေါင်း ယခု ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် လူထုဗဟိုပြု စီမံကိန်း ကျေးရွာအဆင့် စီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနားကို ခိုယောင်း ကျေးရွာ၌ ယနေ့နံနက် ၉ နာရီက COVID-19 ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တန့်ယန်းမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဇော်မင်းထွန်းက အဖွင့် အမှာစကား ပြောကြားပြီး မြို့နယ် လူထုဗဟိုပြု စီမံကိန်း အဖွဲ့ခေါင်းဆောင် ဦးစီးအရာရှိ(နည်းပညာ) ဦးမိုင်းအောင်ကျော်လှိုင်က စီမံကိန်း အကြောင်း မိတ်ဆက် ရှင်းလင်း ပြောကြားပါသည်။

ဆက်လက်၍ တန့်ယန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း တာဝန်ခံများက စီမံကိန်း အကြောင်းအား Video Clip အား Projector ဖြင့် ရှင်းလင်း တင်ပြကာ စီမံကိန်း မိတ်ဆက်ပွဲ တက်ရောက် လာသူများက စီမံကိန်းနှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းကြရာ စီမံကိန်း တာဝန်ခံများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ဖြေကြား ပေးခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ် အတွင်းတွင် ကျေးရွာအုပ်စု (၄၉) အုပ်စုအနက် ကျေးရွာအုပ်စု (၂၈)အုပ်စုရှိ ကျေးရွာပေါင်း (၃၃၀)ရွာ၌ လူထုဗဟိုပြု စီမံကိန်း ကျေးရွာအဆင့် စီမံကိန်း မိတ်ဆက်ခြင်း အခမ်းအနားများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ လူစုလူဝေး မဖြစ်စေရေး အကြိမ်ရေ ၁၇ ကြိမ်ခွဲကာ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း တန့်ယန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းထံမှ သိရသည်။

 

ကိုပြည့်(ကျေးလက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Myanmar Digital News

http://www.mdn.gov.mm/my/ttnynmiuny-khiuyeaangkeraan-luuthubhiupuciimnkinkeraaachng-mittchkpaikngp