လူထုဗဟိုပြုစီမံကိန်းမှ ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာကျေးရွာတွင် သတင်းပြန်ကြားဆက်သွယ်ရေး ဆိုင်ရာပြခန်းပြသ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော

လူထုဗဟိုပြုစီမံကိန်းမှ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မြို့နယ် ပန်းနီလာကျေးရွာအုပ်စု ပန်းနီလာကျေးရွာတွင် ကျေးရွာအုပ်စုအတွင်း ကျေးရွာများ အချင်းချင်း

ပိုမိုချိတ်ဆက်မှုများ အားကောင်းလာပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုအထောက်အကူပြု နိုင်စေရန် သတင်းပြန်ကြား ဆက်သွယ်ရေး ဆိုင်ရာပြခန်းကို

ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဖွင့်လှစ် ပြသခဲ့သည်။

 

အဆိုပါ ပြခန်းအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးမှ နည်းပညာအကြံပေးခေါင်းဆောင် ဦးကျော်သန်းနှင့် အဖွဲ့မှ ဦးစီးဖွင့်လှစ်ခဲ့ပြီး၊ ပြခန်းသို့

ကျေးရွာပေါင်း ၁၈ ရွာမှ လူဦးရေ ၁၅၀ ကျော်တို့ တက်ရောက်လာကြပြီး ပူပေါင်းပါဝင်မှု တက်ရောက်ခဲ့ကြသည်။ ပြခန်းတွင် လက်ကမ်းစာဆောင်များ ကျား-မရေးရာ လက်စွဲ

စာအုပ်များ ဝေငှပေးခဲ့ပြီး၊ စီမံကိန်း အကြောင်းမေးခွန်းများ အမေးအဖြေ ပြုလုပ်ပြီးနောက် စီမံကိန်း အမှတ်တံဆိပ်ပါ တီရှပ် နှင့် ဦးထုပ်များအား ဆုပေးခြင်း

အစီအစဉ်များဖြင့် ပြုလုပ်ခဲ့ကြပါသည်။