စီမံကိန်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအတွက် လူထုစစ်ဆေးပွဲပြုလုပ်

 ၁၅ ဇန်နဝါရီ  ၂၀၂၁

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အ​ကောင်အထည်​​​ဖော် ဆောင်ရွက် နေသော ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း) တွင် ခရင်းကျေးရွာအုပ်စု ​​လှိုင်သကျေးရွာ ရွာတွင်းမြေသားလမ်းကို ဆောင်ရွက်ပြီးစီးပြီ ဖြစ်​သောကြောင့် စီမံကိန်းလုပ်ငန်းအပေါ် ကျေးရွာလူထု၏ စိတ်ကျေနပ်မှုရယူခြင်းနှင့်ပတ်သက်၍ လူထုစစ်ဆေးပွဲကို ဇန်နဝါရီလ (၁၄)ရက်နေ့တွင်ပြုလုပ်​ခဲ့ကြောင်း သိရပါသည်။

ဆွေနွေးပွဲတွင် ကျေးရွာဖွံဖြိုးရေးကော်မတီမှ ဦးဆောင်၍ အဆိုပါလမ်းအတွက် ဘဏ္ဍာရေး၊ ဝယ်ယူရေး၊ ကျားမရေးရာနှင့် ဝေဖန်အကြံပြုစာဆောင်များအား ရှင်းလင်းပြောကြားလျက်ရှိကြောင်း၊ လမ်း၏ရေရှည်ထိန်းသိမ်းမှု အတွက် လိုအပ်သောလည်ပတ်ပြုပြင်ထိန်းသိမ်းရေး အစီအစဉ်များ ရေးဆွဲလျက်ရှိကြောင်း၊ အဆိုပါလမ်း ဆောင်ရွက် နေစဉ် ကြုံတွေ့ခဲ့သော အခက်အခဲများကို သင်ခန်းစာယူ၍ လာမည့်နှစ် စီမံကိန်းများအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ ထို့နောက် အဆိုပါလမ်း၏ လုပ်ငန်းစဉ်နှင့် ရလဒ်များအတွက် ကျေရွာကော်မတီ/လူထုတို့မှ စိတ်ကျေနပ်မှု၊ မကျေနပ်မှုများ သိရှိစေရန် လျှို့ဝှက်မဲစနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ရွာတွင်းမြေသားလမ်းမှာ ဝင်းကကျေးရွာ လမ်းသွယ်နှင့် ချိတ်ဆက်လျက်ရှိပြီး အတိုင်းအတာအားဖြင့် (အရှည် ၃၁၀၀ ​ပေ x အကျယ် ၁၈ ပေ x အထူ ၁ ပေ ) ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ လူထုဗဟိုပြုစီမံကိန်း​ထောက်ပံ့​ငွေကျပ် (၁၂၆) သိန်းဖြင့် ဆောင်ရွက်ခဲ့ပြီး ရပ်ရွာပြည်သူလူထုတို့၏ပူး​ပေါင်းပါဝင်မှုများဖြင့် အ​ကောင်အထည်​ဖော်​ဆောင်ရွက်​နေခြင်းဖြစ်ကြောင်း၊ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သောကြောင့် လှိုင်သကျေးရွာမှ အိမ်​ထောင်စု(၇၇)စု လူဦး​ရေ (၂၅၈)ဦးတို့အတွက် နှစ်စဉ်ကြုံတွေ့နေရသော မိုးရာသီ လမ်းပန်ဆက်သွယ်ရေး ခက်ခဲခြင်းမှ ကင်းဝေးပြီး အရေးပေါ်လူနာများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများအချိန်မှီပို့ဆောင်နိုင်ခြင်း၊ စီးပွား​ရေး၊ လူမှု​ရေးလုပ်ငန်းများ အတွက် သွား/လာ​ရေးလွယ်ကူ အဆင်​ပြေလာ​ပြီဖြစ်ကြောင်းသိရပါသည်။