တပ်ကုန်းကျေးရွာ၌ ဝေဖန်အကြံပြုတိုင်ကြားချက်ဖြေရှင်း သင်တန်းဖွင့်လှစ်

ပေါက် နိုဝင်ဘာ ၁၅ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းဖြင့် အကောင်အထည်ဖော်ဆောင်နိုင်ရေး လူထုဗဟိုပြုစီမံကိန်း ကျေးရွာအဆင့် ဝေဖန်အကြံပြုတိုင်ကြား ချက် ဖြေရှင်းရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို တပ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့ကြောင်းသိရသည်။ ရှေ့ဦးစွာ ပေါက်မြို့နယ် လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့က ဝေဖန်အကြံပြုတိုင်ကြားဖြေရှင်းရေးတာဝန်ခံ ဦးမျိုးဝင်းထွန်းက အဖွင့်အမှာစကား ပြောကြားပါသည်။ ဆက်လက်၍ ပေါက်မြို့နယ် လူထုဗဟိုပြုစီမံကိန်းအဖွဲ့မှ ကျေးရွာတာဝန်ခံ လူထုစည်းရုံးရေးမှူး ဦးစိုးမြင့်မှ ကျေးရွာ များတွင် စီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို စေ့စပ်သေချာ သော လုပ်ထုံးလုပ်နည်းများဖြင့် ဖြေရှင်းနိုင်စေရန်၊ စီမံကိန်းလုပ်ငန်းများကို နှောင့်နှေးကြန့်ကြာစေနိုင်သည့် ပြဿနာ၊ အတား အဆီး၊ အနှောင့်အယှက် မှန်သမျှကို အထောက်အထားခိုင်လုံစွာဖြင့် ထုတ်ဖော်နိုင်စေရန်၊ စီမံကိန်းဧရိယာတွင် ဖြစ်ပေါ်နေသော ပြဿနာများကို ထိရောက်မှန်ကန်သောနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်စေရန်ရည်ရွယ် ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ကြောင်းရှင်းလင်းပြောကြားပါသည်။ အဆိုပါသင်တန်းကို ပေါက်မြို့နယ်လူထုဗဟိုပြုစီမံကိန်းနည်းပညာအကြံပေးအဖွဲ့မှ ဝန်ထမ်းများနှင့် ကျေးရွာသူ၊ ကျေးရွာသား(၃၀)ဦးတို့တက်ရောက်ခဲ့ကြပြီး သင်တန်းကို (၁)ရက်ကြာသင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်းသိရသည်။

စိုးမိုးကျော်-၀၉.၂၅၆၀၈၇၂၆၈