ပေါက်မြို့နယ်၊ခင်ရှည်တောင်ကျေးရွာ ဘက်စုံသုံးစုရပ်ဆောင်ခန်းမ ဖွင့်လှစ်.......

မကွေးတိုင်းဒေသကြီး ၊ပခုက္ကူခရိုင်၊ပေါက်မြို့နယ်၊ခင်ရှည်အုပ်စု၊ခင်ရှည်တောင်ကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း ပံ့ပိုးရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သည့် ဘက်စုံသုံးစုရပ်ဆောင်ဖွင့်ပွဲကို ယနေ့နံနက် (၈)နာရီက အဆိုပါ ကျေးရွာဘက်ဆုံသုံးခန်းမှ၌ ကျင်းပကြောင်းသိရပါသည်။

 ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု.ဦးစီးမှူး ၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန့်၊လူထုဗဟိုပြုအဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်၊နည်းပညာအကြံပေး ဘဏ္ဍာရေးတာဝန်ခံ ဒေါ်သူသူအောင်၊ကျား-မရေးရာတာဝန်ခံ ဦးမျိုးဝင်းထွန်း နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ဦးစီးမှူး ဦးစိုးသူဝင်း မှအဖွင့်အမှာစကား ပြောကြားခြင်း၊ ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန့်မှ ကျေးရွာဖွ့ံဖြိုးရေးအစီအစဉ်များကို သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်ရန်လိုအပ်ကြောင်းရှင်းလင်းပြောကြားခြင်း၊ လူထုဗဟိုပြုအဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်မှ စီမံကိန်း၏ ရည်ရွယ်ချက်များပြောကြားခြင်း၊နည်းပညာအကြံပေး ဘဏ္ဍာရေးတာဝန်ခံ ဒေါ်သူသူအောင်မှ ဘဏ္ဍာရေးနှင့်ပတ်သတ်သော လုပ်ထုံးလုပ်နည်း သဘောတရားများပြောကြားခြင်း၊ကျား-မရေးရာတာဝန်ခံ ဦးမျိုးဝင်းထွန်း မှ လူထုဗဟိုပြုစီမံကိန်း ဆောင်ရွက်နေသော ကျား-မရေးရာအခြေခံလိုအပ်ချက်သဘောတရားများကို ရှင်းလင်းပြောကြားခြင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး က ကျေးဇူးတင်ဝမ်းမြောက်စကားကြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါ ဘက်စုံသုံးစုရပ်ဆောင်ခန်းမှမှာ အလျားပေ 60 ၊ အနံပေ 30၊ အမြင့် 12 ပေဖြင့်ဆောက်လုပ်ရာ လူထုဗဟိုပြုစီမံကိန်း ပံ့ပိုးရန်ပုံငွေကျပ် (191) သိန်း ၊ ပြည်သူထည့်ဝင်ငွေကျပ်( 4 သိန်း 3 သောင်း) ဖြင့် အကောင်အထည်ဖော်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။