မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းစတင်အကောင်အထည်ဖော်ခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ လူထုဗဟိုပြုစီမံကိန်း၊ စတုတ္ထနှစ်စက်ဝန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပိုးစုကြီး ကျေးရွာအုပ်စု၊ ထိမ်ပင်မြောင်(အထက်)ကျေးရွာတွင် မြေထိန်းနံရံတည်ဆောက်ခြင်း အတိုင်း အတာ (၂၀၀'X၆') လုပ်ငန်းအား  စီမံကိန်းထောက်ပံ့ငွေ ကျပ်(၁၁.၄) သန်းဖြင့် (၂၃.၂.၂၀၁၉) ရက်နေ့တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။