လူထုဗဟိုပြု စီမံကိန်း မန်နေဂျာ ဦးလှခိုင်နှင့် တာဝန်ရှိသူများ ကော့ကရိတ် မြို့နယ် ကျေးရွာနှစ်ရွာတွင် စီမံကိန်း လုပ်ငန်းများကို ကြည့်ရှု စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နေပြည်တော်ရုံးချုပ်မှ

ညွှန်ကြားရေးမှုး လူထုဗဟိုပြု စီမံကိန်း မန်နေဂျာ ဦးလှခိုင်နှင့် တာဝန်ရှိသူများသည် ကျေးရွာလမ်းကော်မတီဝင်များနှင့်အတူ

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ်တွင် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြု စီမံကိန်း ဆောင်ရွက်ချက်များ၊

ကျေးလက် မီးလင်းရေးနှင့် ရေရရှိရေး ကိစ္စရပ်များကို ဇန်နဝါရီ ၁၆ ရက်နေ့ နှင့် ၁၇ ရက်နေ့တို့တွင် ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ကော့ဝါလဲအုပ်စု ကော်ဝါလဲ ကျေးရွာနှင့် တံတားဦး ကျေးရွာတွင် လူထု ဗဟိုပြု စီမံကိန်းမှ အကေင်အထည်ဖော်

ဆောင်ရွက်လျက်ရှိသော ကျေးရွာတွင်း ကွန်ကရစ် လမ်း ဆောင်ရွက် ပြီးစီးမှု အခြေအနေများ၊ ကျေးလက် မီးလင်းရေး လုပ်ငန်းများကို

ကျေးရွာ ကော်မတီဝင်များနှင့်အတူ တွေ့ဆုံဆွေးနွေးပြီး၊ လက်ရှိလုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်

ပတ်သတ်သည့် အကြောင်းအရာများနှင့် ပတ်သတ်သည့် ကိစ္စရပ်များ၊ လိုအပ်ချက်များကို ညွန်ကြားရေးမှုး ဦးလှခိုင်မှ ဆွေးနွေး အကြံပြုပေးခဲ့ပါသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ကော်ကိုးကျေးရွာ စိမ့်စမ်း ရေပိုက် သွယ်တန်းမှုနှင့် ရေသိုလှောင်ကုန် တည်ဆောက်မှု အခြေအနေများကို ကြည့် ရှု့

စစ်ဆေးပြီး၊ ခနိမ်းဖော် ကျေးရွာအုပ်စု ကော့ကျိုက် ကျေးရွာတွင် ဖောက်လုပ်ထားရှိသော ကုန်ထုတ်လမ်းအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထို့နောက် ကော့ရီခါး ကျေးရွာသို့ သွားရောက်ပြီး၊ ကျေးရွာကော်မတီဝင်များနှင့် တွေ့ဆုံကာ ရွာတွင်း ကွန်ကရစ်လမ်းခင်းသည့် လုပ်ငန်းဆောင်ရွက်မှု

အခြေအနေများကိုလည်း ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

#DRD #NCDDP #MOALI #WorldBank