World Bank Teamနှင့်ပလက်၀မြို့နယ်လူထုဗဟိုပြုစီမံကိန်း၀န်ထမ်းများတွေ့ဆုံ

ကမ္ဘာ့ဘဏ်မှ Country Director ဖြစ်သူ Ms.Ellen Anne Goldstein ဦးဆောင်သောအဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဦးလှခိုင်(ညွှန်ကြားရေးမှူး)နှင့် ဦး၀င်းဇော်ထွန်း(လက်ထောက်ညွှန်ကြားရေးမှူး)၊ ပြည်နယ်စီမံကိန်းတာ၀န်ခံ ဦးညီညီဆွေ (လက်ထောက်ညွှန်ကြားရေးမှူး)တို့လိုက်ပါလျက် ချင်းပြည်နယ်ပလက်၀မြို့နယ်လူထုဗဟိုပြုစီမံကိန်းရုံးမှ၀န်ထမ်းများ၊ ကျေးရွာ/ကျေးရွာအုပ်စုစီမံကိန်းအထောက်အကူပြုကော်မတီ၀င်များနှင့် (၂၂.၁၀.၂၀၁၈) ရက်နေ့တွင် ပလက်၀မြို့နယ်ကျေးလက်ဦးစီးရုံးတွင်တွေ့ဆုံရာ ဦးလှခိုင် (ညွှန်ကြားရေးမှူး)မှ လာရောက်ရခြင်း၏ ရည်ရွယ်ချက်အားပြောကြားပြီး၊ Ms.Ellen Anne Goldstein မှ မြန်မာနိုင်ငံအတွင်း ကမ္ဘာ့ဘဏ်မှဆောင်ရွက်သော စီမံကိန်းလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ပလက်၀မြို့နယ်တွင် ဆောင်ရွက်သော လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းအကျဉ်းကို တာ၀န်ရှိသူများမှ တင်ပြဆွေးနွေးရာ ကမ္ဘာ့ဘဏ်အဖွဲ့မှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြပါသည်။ ထို့ပြင်ကျေးရွာ/ကျေးရွာအုပ်စု စီ/ထောက်ကော်မတီဝင်အချို့အား စီမံကိန်းဆိုင်ရာ အကောင်အထည်ဖော်နေမှုအခြေအနေများကို ပြန်လည်မေးမြန်းခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုလည်း ရှင်းလင်းပေးခဲ့ကြပါသည်။ လူထုဗဟိုပြုစီမံကိန်းသည် ကမ္ဘာ့ဘဏ်ထောက်ပံ့ငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ ပလက်၀မြို့နယ်လူထုဗဟိုပြုစီမံကိန်းသည် စတုတ္ထနှစ်စက်၀န်းသို့ ရောက်ရှိနေပြီဖြစ်ပါသည်။