ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများသည် ပဲခူးတိုင်းဒေသကြီး ၊ မိုးညိုမြို့နယ် လူထုဗဟိုပြုစီမံကိန်းသို့ လေ့လာရေးခရီးစဉ်သွားရောက်ခြင်း

ဇွန်လ (၂၈) ရက်

   ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ငပုတောမြို့နယ် လူထုဗဟိုပြုစီမံကိန်း ဝန်ထမ်း(၈၀) ဦးသည်  ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် လူထုဗဟိုပြုစီမံကိန်းသို့ (၂၄.၆.၂၀၁၉) ရက်နေ့တွင် လေ့လာရေးခရီးစဉ်စတင်ထွက်ခွာ၍ (၂၅.၆.၂၀၁၉) ရက်နေ့၊နံနက် (၁၀) နာရီတွင် မိုးညိုမြို့နယ်ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်  မြို့နယ်အဆင့် စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီဝင်များ၊ မိုးညိုမြို့နယ်ရှိစီမံကိန်းဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့၍ ငပုတောမြို့နယ်ရှိ စီမံကိန်း ဝန်ထမ်းများသည် အဖွဲ့ (၂)ဖွဲ့ခွဲ၍ မတော့ကုန်းအုပ်စု၊ ခွက်မကျေးရွာနှင့် ပတ္တော်အုပ်စု၊ ပတ္တော်ကျေးရွာကို လည်းကောင်း၊ (၂၆.၆.၂၀၁၉) ရက်နေ့တွင် ရေကင်းအုပ်စု ​ရေကင်းကျန်ကျေးရွာ၊ ကြို့ပင်သာအုပ်စု၊ ထွဋ်မြတ်စံပြ ကျေးရွာ၊အိုးဘိုကျွန်းအုပ်စု၊အိုးဘိုကျွန်းကျေးရွာ၊ထိန်တောအုပ်စု၊ ထိန်တောကျေးရွာများသို့များသို့ လည်းကောင်း၊  (၂၇.၆.၂၀၁၉) ရက်နေ့တွင် ညောင်ဝိုင်းအုပ်စု၊ငှက်ပျောထုံးကျေးရွာနှင့်  ငါးကယ်ကျေးရွာအုပ်စု၊ ငါးကယ်ကျေးရွာ များကို သွားရောက်လေ့လာခဲ့ရာ ကျေးရွာကော်မတီများမှာလည်း ကျေးရွာသမိုင်းကြောင်း၊     ကျေးရွာလူမှုရေး အရင်းအမြစ်ပြမြေပုံ၊ကျေးရွာအုပ်စုငွေ ခွဲဝေထားရှိမှုအခြေအနေနှင့် ကော်မတီဝင်များ၏ လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားခဲ့ပြီး ငပုတောမြို့နယ်ရှိဝန်ထမ်းများမှာလည်း သိလိုသည်များအား အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ပြီး  (၂၈.၆.၂၀၁၉) ရက်နေ့တွင် မိုးညိုမြို့မှ ပြန်လည်ထွက်ခွာခဲ့ပါသည်။