ရန်ကုန်တိုင်းဒေသကြီးလူထုဗဟိုပြုစီမံကိန်းရုံးခွဲမှ တာဝန်ခံများနှင့် ကော့မှူးမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နည်းပညာအကြံပေးများ၊ လူထုစည်းရုံးရေးမှူးများနှင့် တွေ့ဆုံခြင်းအစည်းအဝေး

မတ်လ ၅ ရက်

ကော့မှူးမြို့နယ်လူထုဗဟိုပြုစီမံကိန်းရုံး၏ All Staff Meeting ကို ယနေ့နံနက်(၁၀) နာရီအချိန်တွင် မြို့နယ် ကော့မှူးမြို့နယ်လူထုဗဟိုပြုစီမံကိန်းရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးလူထုဗဟိုပြုစီမံကိန်းရုံးခွဲမှ တာဝန်ရှိသူများနှင့် ကော့မှူးမြို့နယ်လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်စက်ဝန်း)တွင် တာဝန်ထမ်းဆောင်လျက်ရှိသော နည်းပညာအကြံပေးများ၊ လူထုစည်းရုံးရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ ရန်ကုန်တိုင်းဒေသကြီးလူထုဗဟိုပြုစီမံကိန်းရုံးခွဲ၏ တိုင်းဒေသကြီးစီမံကိန်းတာဝန်ခံ ဒေါ်ဥမ္မာခိုင်မှ အဖွင့်မိတ်ဆက်စကားပြောကြားပြီး တိုင်းဒေသကြီးစီမံကိုန်းရုံးခွဲမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်လျက်ရှိသော  တိုင်းဒေသကြီးစီမံကိန်းတာဝန်ခံများမှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။ ထို့​နောက် သက်ဆိုင်ရာကျေးရွာများ၏ တာဝန်ခံလူထုစည်းရုံးရေးမှူးများနှင့် နည်းပညာအကြံပေးများမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့် အခက်အခဲများကို ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် တိုင်းဒေသကြီးစီမံကိန်းရုံးအဖွဲ့မှ လိုအပ်သလိုပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါအစည်းအဝေးကို နေ့လည် (၁၂) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။