လူထုဗဟိုပြု စီမံကိန်းမှ ကျေးရွာ မြေနီ ကျောက်စရစ် လမ်းခင်းခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်မှုးများ ကွင်းဆင်း စစ်ဆေး

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှုး ဦးသိန်းထိုက်ဦး သဲကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန

မြိုနယ် ဦးစီးမှုး ဦးအောင်မြတ်ထွန်းနဲ့ တာဝန်ရှိ သူတွေဟာ သဲကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့

လူထုဗဟိုပြု စီမံကိန်းက လုပ်ငန်းတွေကို မွန်းလွဲ ၁ နာရီ က သွားရောက် ကြည့်ရှုပါတယ်။ အဲလိုမျိုး စစ်ဆေးရာမှာ လူထုဗဟိုပြု စီမံကိန်းမှ ထောက်ပံ့ငွေကျပ်

၇ ဒဿမ ၆၅ သန်းနဲ့ ဆောင်ရွက်လျက်ရှိတဲ့ ကျဉ်ရွာ ကျေးရွာ မြေနီ ကျောက်စရစ် လမ်းခင်းခြင်း၊ စီမံကိန်းမှ ထောက်ပံ့ငွေကျပ် ၉ ဒဿမ ၉၄ သန်းနဲ့ ဆောင်ရွက်တဲ့

ကြိုကုန်းကျေးရွာ မြေနီ ကျောက်စရစ် လမ်းခင်းခြင်း လုပ်ငန်းတွေကို ကြည့်ရှု စစ်ဆေးပြီး၊ ရေရှည် လမ်းတည်တံ့ စေရေး လိုအပ်တဲ့ ပြုပြင် ထိမ်းသိမ်းမှုတွေ ပြုလုပ်သွားဖို့

ကျေးရွာ လမ်းကော်မတီဝင်တွေကို ဆွေးနွေးမှာကြားခဲ့ပါတယ်။

သတင်း - ငြိမ်းသူ (စလင်း)

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank