ရွှေကူမြို့နယ်တွင် ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ရေး လက်ကမ်းစာစောင် ဝေငှ

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာနမှ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထု ဗဟိုပြုစီမံကိန်း CDD က ဦးစီးပြီး၊ Covid- 19 ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခြင်းမှ ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင် ဝေငှခြင်းကို မတ်လ ၃၀ ရက်နေ့က မြို့နယ်အတွင်းရှိ ကျေးရွာများမှာ ဆောင်ရွက် ခဲ့ကြပါတယ်။

Covid- 19 ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာမှာ သက်ဆိုင်ရာ ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်များ ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းလည်း သတင်း ရရှိပါတယ်။

သတင်း- မင်းမြင့်မိုရ်

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank