ပေါက်မြို့နယ် မန်ကျီးပင်ကျေးရွာ စာသင်ကျောင်းဆောင် တည်ဆောက်ခြင်း လုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

Construction of School Building in Magyipin Village of Pauk Completed 100 Percent

Magway, 28 September

ပေါက် စက်တင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း ထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော ကူးကား ကျေးရွာအုပ်စု မန်ကျီးပင ်ကျေးရွာတွင် ကျေးရွာလူထု ကိုယ်တိုင် ရွေးချယ်၍ ကျေးရွာ စာသင် ကျောင်းဆောင် တည်ဆောက်ခြင်း လုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်းများက အနီးကပ ်ကြီးကြပ်၍ နည်းပညာပံ့ပိုးမှု၊ ကျေးရွာ လူထုများနှင့် အတူ ဖေဖော်ဝါရီ ၂၄ ရက်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ ကျေးရွာ စာသင် ကျောင်းဆောင် တည်ဆောက်ခြင်း လုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၈၀)နှင့်၊ ကျေးရွာ ပြည်သူလူထု ထည့်ဝင် ငွေ (၃၁၁၀၇၈၀)ကျပ်၊ စုစုပေါင်း (၁၁၁၁၀၇၈၀) ကျပ်ဖြင့် အလျား ၆၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၁ ပေရှိ ကျေးရွာ စာသင်ကျောင်းဆောင်ကို လူထုဗဟိုပြု စီမံကိန်းမှ ကျေးရွာ တာဝန်ကျ ဝန်ထမ်းများက အနီးကပ် ကြီးကြပ်၍ ကျေးရွာပြည်သူများ နှင့်အတူ တည်ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်သည်။

ကျောင်းဆောင်သစ်တည်ဆောက်ပြီးစီးသဖြင့် ကျေးရွာရှိ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်း ပျော်ရွှင်စွာနှင့် လုံခြုံစိတ်ချစွာ ပညာသင်ကြားခွင့် ရရှိနိုင်တော့မည် ဖြစ်ကြောင်း မန်ကျီးပင်ကျေးရွာနေ ဦးဖိုးထွား၏ ပြောကြားချက်အရ သိရသည်။

ဉာဏ်တိုး(ပေါက်)

မကွေးတိုင်းဒေသကြီး

Credit – Ministry of Information

#NCDDP, #DRD, #MOALI, #WorldBank

https://www.moi.gov.mm/iprd/news/13329