သတင်းပြန်ကြား ဆက်သွယ်ရေးနှင့် မှတ်တမ်းဓါတ်ပုံပြခန်း ဆောမြို့နယ်တွင် ခင်းကျင်းပြသ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဆော မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဦးဆောင် အကောင်အထည်ဖော်

ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ် သတင်းပြန်ကြား ဆက်သွယ်ရေးနဲ့ မှတ်တမ်းဓါတ်ပုံ ပြခန်းကို ဇန်နဝါရီလ ၁၀ ရက်နေ့က မနက် ၉ နာရီကနေ

နေ့လည် ၁၂ နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားကိုတော့ ဆော မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဒုတိယ ဦးစီးမှုးများနဲ့

ဝန်ထမ်းများ၊ ဆော မြို့နယ် လူထု ဗဟိုပြု စီမံကိန်းမှ နည်းပညာ အကြံပေးအဖွဲ့များ၊ လူထု စည်းရုံးရေးမှုးများ၊ လက်ထောက်နည်းပညာမှုးများနဲ့ ကျေးရွာပေါင်း ၁၃ ရွာမှ

ကော်မတီဝင်များ စုစုပေါင်း ၂၁၅ ဦး တက်ရောက်ခဲ့ပါတယ်။ ဆော မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယ ဦးစီးမှုး ဦးညိုဝင်းအောင်မှ

အဖွင့် အမှာစကားပြောကြားပြီး၊ လူထုဗဟိုပြုစီမံကိန်းမှ သတင်းပြန်ကြားဆက်သွယ်ရေးတာဝန်ခံ ဒေါ်တိုးတိုးလွင်မှ ပြခန်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို

ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး စီမံကိန်းနဲ့ ပတ်သတ်တဲ့ မေးခွန်းများကို အမေးအဖြေ ပြုလုပ်ခဲ့ကြပြီး၊ စီမံကိန်းမှ လက်ဆောင် ပစ္စည်းများကို

ပြန်လည်ပေးအပ်ခဲ့ပါတယ်။ အဲဒီနောက် ပြခန်း တက်ရောက်လာသူများက စီမံကိန်းနှင့် ပတ်သတ်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး၊ တာဝန်ရှိသူများက

ဖြေကြားခဲ့ပါတယ်။ အဲဒီနောက် ဇန်နဝါရီလ ၉ ရက်နေ့မှာ “ကျေးလက်လူထု ဗဟိုပြု ဖွံ့ဖြိုးမှုကို တို့ရှေ့ရှု ခေါင်းစဉ်နဲ့ ကျင်းပ ပြုလုပ်ခဲ့တဲ့ စာစီစာကုံး ပြိုင်ပွဲမှာ

ဆုရရှိတဲ့ ကျောင်းသား ကျောင်းသူများကို ဆုများ ပေးအပ်ချီးမြှင့်ကာ ပြခန်းကို တက်ရောက်လာကြတဲ့ ကော်မတီဝင်များက မှတ်တမ်း ဓါတ်ပုံ ပြခန်းအား

လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြပြီး၊ စုပေါင်း မှတ်တမ်း ဓါတ်ပုံရိုက်ကူးကာ ပြခန်းကို အောင်မြင်စွာ ပိတ်သိမ်းခဲ့ပါတယ်။

သတင်း - လူထု စည်းရုံးရေးမှုး တင်အောင်မိုးမြင့်

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank