အကောင်းဆုံးဆုရွေးချယ်ရေး အကဲဖြတ်အမှတ်ပေး(Jury) အဖွဲ့ ဖွဲ့စည်းခြင်းနှင့်အစီအစဉ်ရေးဆွဲခြင်း အစည်းအဝေးပြုလုပ်

ဖားဆောင်းမြို့ ဇွန် လ (၅)ရက်

ဘောလခဲ၊ဖားဆောင်း၊မယ်စဲ့မြို့နယ် လူထုဗဟိုပြု စီမံကိန်း ( တတိယနှစ် စက်ဝန်း ) မြို့နယ်အဆင့် သက်ဆိုင်သူ ပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲတွင် အကောင်းဆုံး ကျေးရွာများ၊အကောင်းဆုံး ကျေးရွာအုပ်စုများအား ဆုချီးမြှင့်နိုင်ရန်အတွက် ဖားဆောင်းမြို့နယ် မြို့နယ်အဆင့် စီမံကိန်းရေးဆွဲရေးနှင့် အကောင်ထည်ဖော်ဆောင်ရေး ကော်မတီ နှင့်ဖားဆောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ ရှင်းလင်းခြင်း၊ အမှတ်ပေး စည်းမျဉ်း များအား ရှင်းလင်းခြင်း၊ ဂျူရီအဖွဲ့ ဖွဲ့စည်းခြင်း၊ ကွင်းဆင်း စစ်ဆေးမည့် ရက်နှင့်ကျေးရွာများအား သတ်မှတ်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။