မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်း(စတုတ္တနှစ်စက်ဝန်း)မှ Information Campaign ကျင်းပပြုလုပ်

ချင်းပြည်နယ်၊ မတူပီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို (၂၆.၁၂.၂၀၁၉)ရက်နေ့ ညနေ(၃:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်အမတ် ဦးအောင်လျန်၊ ဦးကြည်စော(ညွှန်ကြားရေးမှူး)၊ ဦးတမ်အောင်(ဒုတိယညွှန်ကြားရေးမှူး)၊ ဦးကျော်ကျော်(မင်းတပ်ခရိုင်ဦးစီးမှူး)နှင့် ဦးအောင်မြင့်ကျော်(မတူပီမြို့နယ်အုပ်ချုပ်ရေးမှူး)တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါသည်။

အဆိုပါမြို့နယ်ကျေးလက်ရုံးသစ်ဖွင့်ပွဲကို ဂုဏ်ပြုသောအားဖြင့် လူထုဗဟိုပြုစီမံကိန်းမှ သတင်းနှင့်ဆက်သွယ်ပြန်ကြားရေးအစီအစဉ်ဖြင့် Information Campaign ဓါတ်ပုံပြပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ စည်ပင်ကော်မတီဝင်များ၊ ကျေးရွာရှိကော်မတီဝင်များ၊ စီမံကိန်း ဝန်ထမ်းများ၊ ကျေးလက်ဝန်ထမ်းများနှင့်မတူပီယဉ်ကျေးမှုအဖွဲ့များမှ တက်ရောက်အားပေးခဲ့ကြပါသည်။

လူထုဗဟိုပြုစီမံကိန်းဓါတ်ပုံပြပွဲတွင် စီမံကိန်းဆိုင်ရာ အမေးအ​ဖြေကဏ္ဍကို ကျင်းပပြုလုပ်ခဲ့ရာ စိတ်ပါဝင်စားပါဝင်ဖြေဆိုပြီး အဖြေမှန်ဖြေဆိုနိုင်သူများကို စီမံကိန်းတံဆိပ်ပါ ဦးထုပ်၊ တီရှပ်၊ မိုးကာအင်္ကျီ၊ ကျောပိုးအိတ်၊ စီမံကိန်းနှင့်သက်ဆိုင်သည့် စာအုပ်နှင့်လက်ကမ်းစာစောင်များကို လက်ဆောင်အဖြစ်ပေးဝေခဲ့ကြပါသည်။