ပေါက်မြို့နယ် သမားတော်ကျေးရွာ၌ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ

 

ပေါက် ဇွန် ၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် သမားတော်ကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း (CDD) ထောက်ပံ့ရန်ပုံ ငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်စန်းက အဖွင့်အမှာစကား ပြောကြားပြီး လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်က ကွန်ကရစ်လမ်းသစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပါသည်။

ထို့နောက် ကျေးရွာကွန်ကရစ်လမ်းသစ်ကို  တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ လူထုဗဟိုပြုစီမံကိန်း နည်းပညာပေး အကြံပေးအဖွဲ့ခေါင်းဆောင်၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းဆောင်ရွက်ထားရှိမှုများကို ကြည့်ရှု အားပေးပါသည်။

အဆိုပါ ကျေးရွာတွင်းကွန်ကရစ်လမ်း အရှည် ၃၀၀ ပေ အကျယ် ၁၂ ပေ အမြင့်ကိုးလက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် ၈၈ သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၂၅ ဒသမ ၄၁ သိန်းဖြင့် လူထုဗဟိုပြု စီမံကိန်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။