ထီးလင်းမြို့နယ် ပဇင်းချောင်းကျေးရွာ၌ သတင်းပြန်ကြားရေးဆိုင်ရာ ဓါတ်ပုံပြခန်းဖွင့်

 

ထီးလင်း   နိုဝင်ဘာ  ၂၁

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပဇင်းချောင်းကျေးရွာ အုပ်စု၊ ပဇင်းချောင်းကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်း လုပ်ငန်း များနှင့် ပတ်သက်၍ အများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ သတင်းပြန်ကြားရေးဆိုင်ရာ ဓါတ်ပုံပြခန်းဖွင့်ပွဲ အခမ်း အနားကို  ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းထွန်းနှင့် လူထုဗဟိုပြု စီမံကိန်း နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးတင်ဝင်းတို့က အဖွင့်အမှာ စကားပြောကြားပါသည်။

အဆိုပါ သတင်းပြန်ကြားရေးဆိုင်ရာ ဓါတ်ပုံပြခန်းတွင် ထီးလင်းမြို့နယ်အတွင်း လူထုဗဟိုပြုစီမံကိန်းတတိယနှစ်စက်ဝန်းဖြင့် ကျေးရွာအသီးသီး၏ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သော မှတ်တမ်းဓါတ်ပုံများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးဆိုင်ရာ ပညာပေးပိုစတာများ၊ စီမံကိန်းဆိုင်ရာ စာစောင်နှင့်စာအုပ်များကို တက်ရောက်လာသော ကျေးရွာသူ ကျေးရွာသားများက လေ့လာဖတ်ရှုကြပြီး ၊ ကျေးရွာအလိုက် စီမံကိန်းဆိုင်ရာ ဉာဏ်စမ်းမေးခွန်းများကို ထီးလင်းမြို့နယ် နည်းပညာအကြံပေးအဖွဲ့က သတင်းနှင့် ပြန်ကြားဆက်သွယ်ရေးတာဝန်ခံ ဦးကျော်ဇေယျက မေးမြန်းပြီး ဖြေဆိုနိုင်သူများကို ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းပြန်ကြားရေးဆိုင်ရာ ဓါတ်ပုံပြပွဲအခမ်းအနားကို ထီးလင်းမြို့နယ်အတွင်းရှိ ထန်းပင်ကုန်းကျေးရွာ၊ တောရောင်း ကျေးရွာ၊ ဝါးဘိုးချောင်ကျေးရွာ၊ ဝက်သက်ရွာမကျေးရွာနှင့် ပဇင်းချောင်ကျေးရွာ (၅)ရွာမှ လူထုဗဟိုပြုစီမံကိန်းကော်မတီဝင် များ၊ ကျေးရွာသူကျေးရွာသား (၁၁၁) ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

စိုးမိုးကျော်-၀၉၂၅၆၀၈၇၂၆၈