ရမည်းသင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း လည်ပတ်ရေးနှင့်ပြုပြင်ထိန်းသိမ်းရေး မွမ်းမံသင်တန်းဖွင့်

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကမ႓ာ့ဘဏ်နှင့်ပူးပေါင်း ဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်းမှ လည်ပတ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး မွမ်းမံသင်တန်းဖွင့်ပွဲကို သြဂုတ် ၂၀ ရက် နံနက် ၉ နာရီက ရမည်းသင်းမြို့ ရွှေစည်းခုံ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဟန်မြင့်ထွန်းက အမှာစကားပြောကြားရာတွင် စည်းရုံးရေးမှူးများအနေဖြင့် ကျေးရွာစီမံကိန်း လုပ်ငန်းများရေရှည် တည်တံ့စေရန်အတွက် ကျေးရွာကော်မတီဝင်များနှင့် ကျေးရွာလူထုကို ပြန်လည် အသိပညာပေးကာ လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်စေလိုကြောင်းနှင့် သင်ကြားပို့ချမည့် ဘာသာရပ်များကို စိတ်ပါဝင်စားစွာ သင်ယူကြရန် ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဦးခင်မောင်ဌေးက လည်ပတ်ပြုပြင်ရေးနှင့် ပြင်ဆင်ထိန်းသိမ်းရေး သင်တန်းသည် ကျေးရွားများရှိ ဖွံ့ဖြိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ် အဓွန့်ရှည်စွာ ရှိစေရန်အတွက် ယခုလိုသင်တန်း ဖွင့်လှစ်ပို့ချခြင်း ဖြစ်ကြောင်းရှင်းလင်း ပြောကြားသည်။

အဆိုပါသင်တန်းသို့ ရမည်းသင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း ဝန်ထမ်းများမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၆၅ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ သြဂုတ် ၂၀ ရက်မှ ၂၂ ရက်ထိ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

မင်းမြင့်မိုရ်(ငါန်းဇွန်)