မြို့နယ်အဆင့်သက်ဆိုင်သူအဖွဲ့အစည်းပေါင်းစုံပါဝင်သောသုံးသပ်ဆွေးနွေးပွဲကျင်းပ

 

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်၊ပျော်ဘွယ် မြို့နယ် လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းများ ပိုမိုတိုးတက် ကောင်းမွန်လာစေရန် ရည်ရွယ်၍ တတိယနှစ်စက်ဝန်း မြို့နယ်အဆင့် သက်ဆိုင်သူအဖွဲ့အစည်း ပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲကို သြဂုတ်လ ၇ ရက် နံနက် ၉ နာရီက ပျော်ဘွယ်မြို့၊အမေထိန်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဆွေးနွေးပွဲတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးက စီမံကိန်းရည်ရွယ်ချက်များ၊လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ် လူထုဗဟိုပြုစီမံကိန်းနည်းပညအကြံပေး အဖွဲ့ခေါင်းဆောင် ဦးလှထူးက တတိယနှစ်စက်ဝန်း အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ရှင်းလင်း တင်ပြပြီးအစည်းအဝေး တက်ရောက်လာသူများကို အုပ်စု ခုနှစ်စုခွဲကာ အဖွဲ့လိုက်ဆွေးနွေးပြီး မြို့နယ်စီကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီမှကျေးရွာအုပ်စုအဆင့်၊ ကျေးရွာအဆင့် ပထမ၊ ဒုတိယ၊ တတိယ စီမံကိန်းလုပ်ငန်းခွဲစွမ်းဆောင်ရည်အကောင်းဆုံးလုပ်ဆောင်မှု ဆုများရွေးချယ်ကြသည်။

ဆွေးနွေးပွဲ ဒုတိယပိုင်းတွင် တက်ရေက်လာသော ကော်မတီဝင်များမှအဖွဲ့လိုက်ဆွေးနွေးချက်များကို တစ်ဖွဲ့ချင်းစီက ရှင်းလင်းတင်ပြပြီး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးသက်မွန် က ကျေးရွာများ ဆုရွေးချယ်ရေးစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် ဆုရကျေးရွာများအား ကျေးရွာ၊ ကျေးရွာအုပ်စုအလိုက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်များမှ တာဝန်ရှိပုဂ္ဂိုလ်တို့က ဆုချီးမြှင့်ပေးကြပြီး၊ပထမဆုရရှိသော ကျေးရွာအုပ်စုကိုယ်စားလှယ်တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ ကြောင်းသိရသည်။

ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာဝင်းစံက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ဖြိုးထက်အောင်(ပျော်ဘွယ်)