ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဒေါဆန်းဘွန်းကျေးရွာစီမံကိန်းလုပ်ငန်းခွဲသို့ ကွင်းဆင်းကြည့်ရှု

ဂျူလိူင်လ ၄ရက် ၂၀၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်​​ဒေသ ဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာန

(ရုံးချုပ်)မှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်​​ဖော်​​ဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်း လွိုင်ကော်-ရှားတောမြို့နယ် ဒေါဆန်းဘွန်ကျေးရွာ စာသင်​​ကျောင်းခြံစည်းရိုးကာရံခြင်း စီမံကိန်းလုပ်ငန်းခွဲ သို့ကွင်းဆင်းကြည့်ရှုခြင်းအား ယနေ့(၄.၇.၂၀၁၈)ရက်နေချိန်တွင် ပြည်နယ်​​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်နှင့်အတူ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဝန်ထမ်းများ၊စီမံကိန်းဝန်ထမ်း များဖြင့်ကွင်းဆင်းကြည့်ရှုခဲ့ပြီး ကျေးရွာရပ်မိရပ်ဖများ၊ ကော်မတီဝင်များ ကျေးရွာသူ/ သားများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ တာဝန်ရှိသူများသို့လမ်းညွန်မှာကြားခြင်းများဆောင်ရွက်ခဲ့ပါသည်