ပထမအကြိမ် လူထုဗဟိုပြုစီမံကိန်း လူထုစည်းရုံးရေးမှူးများဖိုရမ်ကျင်းပ

နေပြည်တော် သြဂုတ်လ (၁)ရက်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း လူထုစည်းရုံးရေးမှူးများဖိုရမ် ဖွင့်ပွဲအခမ်းအနားကို(၁-၈-၂၀၁၉)ရက်နေ့၊နံနက်(၀၉း၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်ညိုညိုဝင်းက အဖွင့်အမှာစကားပြောကြားသည်။အဆိုပါဖိုရမ်အား (၂)ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ လူထုစည်းရုံးရေးမှူးများ(၂၀၃)ဦးတက်ရောက်ခဲ့ပါသည်။