ထီးလင်းမြို့နယ် သရခါကျေးရွာ၌ သတင်းနှင့်ပြန်ကြားဆက်သွယ်ရေး သင်တန်းဖွင့်

 

ထီးလင်း   နိုဝင်ဘာ  ၇

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူထုစည်းရုံးရေးမှူးနှင့် လက်ထောက်နည်းပညာမှူး များကို စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေး သတင်းနှင့်ပြန်ကြားရေးသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က ထီးလင်းမြို့နယ် သရခါကျေးရွာ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းထွန်းက အဖွင့်အမှာ စကား ပြောကြားပါသည်။

ဆက်လက်၍ သင်တန်းတွင် သင်ကြားပို့ချမည့် ထီးလင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့မှ သတင်းနှင့် ပြန်ကြားဆက်သွယ်ရေးတာဝန်ခံ ဦးကျော်ဇေယျက စီမံကိန်းဝန်ထမ်များအနေဖြင့် သတင်းဆက်သွယ်ရေးဆိုင်ရာများကို ကျေးရွာများတွင် ပြန်လည်လက်ဆင့်ကမ်း သင်ကြားပို့ချနိုင်ရေး စနစ်တကျဆွေးနွေးသင်ကြားစေလိုကြောင်း၊ Media ၏ ခန်းကဏ္ဍအရေးပါပုံများကို စာတွေ့လက်တွေ့အဖွဲ့လိုက်ဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း၊ ကျေးရွာသူကျေးရွာသားများကို သတင်းပြန်ကြားရေးနှင့်ပတ်သက်၍ ကောင်းမွန်စွာ သိရှိနားလည်ပြီး လက်တွေ့ ကောင်းမွန်စွာပြောင်းလဲ အသုံးချတက်စေရန် ရည်ရွယ်၍ သင်ကြား ပို့ချပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားပါသည်။

အဆိုပါသင်တန်းကို ထီးလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးနှင့် ဝန်ထမ်းများ၊ နည်းပညာ အကြံပေးအဖွဲ့မှ သတင်းနှင့်ပြန်ကြားဆက်သွယ်ရေးတာဝန်ခံ၊ လူထုစည်းရုံးရေးမှူး(၂၄)ဦး၊ လက်ထောက်နည်း ပညာမှူး (၁၃)ဦးတို့ တက်ရောက်ခဲ့ကြပြီး တစ်ရက်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

စိုးမိုးကျော်-၀၉၂၅၆၀၈၇၂၆၈