ပူတာအိုမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း(ပထမနှစ်စက်ဝန်း)တွင် အကောင်အထည်ဖော် ဆောင်ရွက်သော အဒေဒီကျေးရွာ စာသင်ကျောင်းဆောင်ဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ၁၅.၁.၂၀၁၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပူတာအိုမြို့နယ်လူထုဗဟိုပြုစီမံကိန်း(ပထမနှစ်စက်ဝန်း) တွင် အကောင်အထည်ဖော်ဆောင်ရွက်သော မူလာဟောင်းကျေးရွာအုပ်စု၊ အဒေဒီကျေးရွာ မူလွန်စာသင်ကျောင်းဆောင်ပြုပြင်ခြင်း(၇၂’x ၃၀’x ၁၂’) ကို ၂၉.၁၀.၂၀၁၈ ရက်နေ့တွင် စတင်ဆောင်ရွက်ကာ ၁၀.၁၂.၂၀၁၈ ရက်နေ့တွင် အပြီးသတ်ဆောင်ရွက်နိုင်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားကို ၁၅.၁.၂၀၁၉ ရက်နေ့တွင် အဒေဒီကျေးရွာ မူလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးရွှေ၊ ကျေးလက်ဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်၊ ပြည်နယ်ကျေးလက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်ဇော်နောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းချစ်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောသီဟ၊ ဦးစီးအရာရှိ ဦးဌေးမြင့်တို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။