မင်းတုန်းမြို့နယ် ညောင်ကြပ်ကျေးရွာ၌ စာသင်ကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီး

မင်းတုန်း   စက်တင်ဘာ   ၆

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ညောင်ကြပ်ကျေးရွာ အုပ်စု၊ ညောင်ကြပ်ကျေးရွာ၌ လူူထုဗဟိုပြုစီမံကိန်း(CDD) စတုတ္ထနှစ်စက်ဝန်းဖြင့် ဆောင်ရွက်သည့် မူလတန်း စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီိဖြစ်ကြောင်း မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ စာသင်ကျောင်းဆောင်ကို အလျား ၈၀ ပေ၊ အကျယ် ၃၀ ပေ  အမြင့် ၁၂ ပေ တည်ဆောက်ခြင်းလုပ်ငန်းအား လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် (၂၈၅၇၈၂၉၇)သိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု အနီးကပ် ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာအားလုံးတွင် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းဖြင့် လမ်းပြုပြင်ခြင်းလုပ်ငန်း(၅)ခု၊ တံတားပြုပြင်ခြင်းလုပ်ငန်း(၄)ခု၊ မီးလင်းရေးလုပ်ငန်း(၇၂)ခု၊ ရေရရှိရေးလုပ်ငန်း(၂၄)ခု၊ ပညာရေးနှင့် သက်ဆိုင်သော အဆောက်အဦ(၁၁)ခု၊ ဘက်စုံသုံးခန်းမ(၁၆)ခု၊ မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း(၉)ခု စုစုပေါင်းလုပ်ငန်း(၁၈၆)ခုကို စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ်သန်း ၁၇၇၃ ဒသမ၆၀၆၇၈ သန်း၊ ပြည်သူထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

စိုးမိုးကျော် 09.256087268

(ဤသတင်းနှင့်ပတ်သက်သည့် ကိစ္စအဝဝကို တာဝန်ယူအာမခံပါကြောင်းတင်ပြအပ်ပါသည်)

သတင်းပေးပို့သူ

ဦးစိုးမိုးကျော်

အကြီးတန်းစာရေး

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန