စီမံကိန်းလုပ်ငန်းရပ်များဆွေးနွေး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အဇင်းအုပ်စု၊ ကျော့ခီးကျေးရွာတွင် ကျေးရွာကော်မတီဝင်များနှင့် ကျေးရွာလူထုတို့နှင့် ကျေးရွာစီမံကိန်း လုပ်ငန်းရပ်များကို(၄-၆-၂၀၁၉)ရက်နေ့တွင် ဆွေးနွေးခဲ့သည်။

            ဆွေးနွေးပွဲတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်လင်း၊ မြို့နယ်နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်မြင့်နှင့် ဘဏ္ဏာရေးအရာရှိ ဒေါ်ဇာဇာဟန်တို့ တက်ရောက်ကာ ဆွေးနွေးခဲ့သည်။

            ပထမဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်လင်းမှ ကျေးရွာစီမံကိန်းလုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး မြို့နယ်နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်မြင့်မှ လုပ်ငန်းပြောင်းလဲမှုနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး  ကျေရွာကော်မတီများနှင့် ကျေးရွာလူထုမှ ယခင်ရွေးချယ်ထားသော ကွန်ကရစ်တံတားအစား ကျေးရွာတွင်းကျောက်ခင်းလမ်းကို ပြောင်းလဲကာ ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်များကို အစည်းအဝေးမှတ်တမ်းတွင် သဘောတူကြောင်း လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့သည်။

            ထို့နောက် မြို့နယ်နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်မြင့်နှင့် ဘဏ္ဏာရေးအရာရှိ ဒေါ်ဇာဇာဟန်တို့မှ ပထမနှစ်တွင် ဆောင်ရွက်ခဲ့သော စာသင်ကျောင်းတိုးချဲ့ခြင်းနှင့် ကျောင်းအိမ်သာဆောက်လုပ်မှုနှင့်ပတ်သက်သော စာရင်းဇယားများကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။