(Etabs & Safe) Estimate of Reinforced Concrete Building သင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း) လက်ထောက်နည်းပညာမှူးများအတွက် (Etabs & Safe) Estimate of Reinforced Concrete Building သင်တန်းကို လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။

        သင်တန်းကို လက်ထောက်နည်းပညာမှူးများအတွက် နည်းပညာများတိုးတက်ကောင်းမွန်လာစေပြီး စီမံကိန်းလုပ်ငန်းခွဲများ အကောင်အထည်ဖော်ရာတွင် အရည်အသွေးတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ကြောင်း သိရသည်။

        အဆိုပါသင်တန်းကို လက်ထောက်နည်းပညာမှူး ကျား(၁၆)၊ မ(၁၇)ဦး တက်ရောက်ကြပြီး (၁၉.၉.၂၀၁၉) မှ (၂၁.၉.၂၀၁၉)ထိ SPECTRUM UNITED မှ ဆရာမ ဒေါ်မြတ်ဆုမွန်ထွန်းမှ စနစ်တကျလေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း သိရပါသည်။