စည်းရုံးရေးမှူးများအား စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းပြုလုပ်

၁၅ မေလ ၂၀၁၉

            ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)အတွက် စီမံကိန်းဝန်ထမ်းများဖြစ်သော လက်ထောက်နည်းပညားမှူးများ၊ လူထုစည်းရုံးရေးမှူးများနှင့် စီမံကိန်းနည်းပညာအဖွဲ့ဝင်များ စုစုပေါင်းသင်တန်းသား (၆၀)ဦးခန့်အား စည်းရုံးရေးမှူးများသင်တန်း (TOF-1)ကို (၁၅.၅.၂၀၁၉)ရက်နေ့တွင်စတင် ပြုလုပ်ခဲ့ပါသည်။

            အဆိုပါသင်တန်းတွင် စည်းရုံးရေးမှူးများမှ ကျေးရွာများသို့သွားရောက်၍ လူထုဗဟိုပြုစီမံကိန်းနှင့်ပတ်သက်သော သတင်းအချက် အလက်များအား ကျေးရွာလူထုမှ သိရှိနားလည်စေရန်အတွက်သော်လည်းကောင်း၊ ပထမအကြိမ်း၊ ဒုတိယအကြိမ်၊ တတိယအကြိမ်နှင့် ကျေးရွာအုပ်စု အစည်းအဝေးများ ပြုလုပ်ရာတွင် အဆင်ပြေစေရန်အတွက်သော်လည်းကောင်း၊ ကျေးရွာများ၏ လိုအပ်ချက်များနှင့် ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်များ ဖော်ထုက်ရာတွင် ကူညီဆောင်ရွက်နိုင်စေရန်အတွက်သော်လည်းကေင်း၊ ရန်ပုံငွေများအား ခွဲဝေသုံးဆွဲမှုများတွင် ကျေးရွာများ၏ လိုအပ်ချက်များနှင့် လိုက်လျောညီထွေမှု ထိရောက်မှုရှိစေရန်အတွက်သော်လည်းကောင်း  အစရှိသော သင်ခန်းစာများကို နေပြည်တော်ရုံးချုပ် သင်တန်းရေးရာဌာနမှ ဆရာ ဦးခိုင်ဇော်မိုး၊ ဦးကျော်ကျော်ထက်တို့မှ ဦးဆောင်လျက် မြို့နယ်နည်းပညာအဖွဲ့များကူညီ သင်တန်းပို့ချ ပေးခဲ့ပါသည်။

            ယခုကဲ့သို့ သင်တန်းပြုလုပ်ခြင်းဖြင့် စီမံကိန်းနှင့် ပတ်သက်ဆက်နွယ်သောသူများအားလုံး လူထုဗဟိုပြုစီမံကိန်းနှင့် ပတ်သက်သောသတင်းအချက်အလက်များကို လွယ်ကူစွာ လက်လှမ်းမှီနိုင်ခြင်း၊ ကျေးရွာလူထုများအနေဖြင့် မိမိတို၏ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပိုမိုစိတ်ဝင်စား၍ လူတန်းစားမခွဲခြားဘဲ အတူတကွ ပူးပေါင်းဆောင်ရွက်စေနိုင်သော အလေ့အထကောင်းများ ရှိလာစေခြင်း၊ ကွင်းဆင်းဝန်ထမ်းများအတွက် လက်တွေ့ဆောင်ရွက်မှု အလေ့အကျင့်ကောင်းများ ရရှိစေခြင်း၊ ပထမနှစ်စက်ဝန်းဆောင်ရွက်ချက်များကို အခြေခံ၍ ဒုတိယနှစ်စက်ဝန်းအတွက် အကောင်းဆုံးပြင်ဆင်နိုင်မှုများ ရရှိစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ပါသည်။