မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်စက်ဝန်း)မှ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းပြုလုပ်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း၊ စီမံကိန်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်ပိုမိုတိုးတက်လာစေရေးအတွက် လူထုအခြေပြုသင်တန်းဖြစ်သော ပူးပေါင်းပါဝင်သော စောင့်ကြည့်လေ့လာခြင်းနှင့် သုံးသပ်ခြင်းသင်တန်း (Participatory Monitoring and Evaluation Training)ကို ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၃ ရက်မှ ၅ ရက်နေ့အထိ ချင်းပြည်နယ်၊ မတူပီမြို့၊ ဘုံတလာခန်းမတွင် ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းကို စွမ်းရည်ရှေ့ဆောင်လူမှုအသင်းအဖွဲ့အစည်း  (Capacity Building Initiative)၊ ရန်ကုန်မှ ပို့ချပေးခဲ့ပြီး မတူပီမြို့နယ်လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများဖြစ်သော မြို့နယ်နည်းပညာအကြံပေးအဖွဲ့ဝင်များ၊ လက်ထောက်နည်းပညာမှူးများနှင့်လူထုစည်းရုံးရေးမှူးများ စုစုပေါင်း(၅၃)ဦး တက်ရောက်ခဲ့ကြပါသည်။