ပေါင်မြို့နယ် လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ်စက်ဝန်း လူထုစစ်ဆေးပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) ရင်းငြိမ်တောင် ကျေးရွာအုပ်စု ၊ ကွက်သစ် ကျေးရွာတွင် လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းစဉ် တစ်ခုဖြစ်သော ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ရာ လူထုစစ်ဆေးပွဲ အခမ်းအနားကို စက်တင်ဘာလ စတုတ္ထအပတ် တွင် ကျင်းပခဲ့ ပါသည်။

COVID-19 ရောဂါ ကူးစက်ပြန့်ပွား နေသော ကာလဖြစ်သောကြောင့် လူထုစစ်ဆေးပွဲတွင် လူစုလူဝေး မဖြစ်ပေါ် စေရန်နှင့် ရောဂါကူးစက် ပြန့်ပွားမှုများကို ကာကွယ်နိုင်ရန် အတွက် လူဦးရေကန့်သတ်ပြီး အကွာအဝေးများ သတ်မှတ်ကာ စီမံကိန်းလုပ်ငန်း၏ ဘဏ္ဍာရေး၊ ဝယ်ယူရေးဆိုင်ရာ အသုံးစရိတ်စာရင်းများကို ကျေးရွာကော်မတီ အဖွဲ့ဝင်များက ကျေးရွာအတွင်းရှိ လူထုများအားလုံး သိရှိစေနိုင်ရန် အသံချဲ့စက်များဖြင့် ကျေးရွာတွင်း လှည့်လည်၍ ကြေညာခြင်း၊ ကျေးရွာကြော်ငြာသင်ပုန်းတွင် စာရင်းရှင်းတမ်းများ ကပ်ခြင်းတို့အား ဆောင်ရွက်ကြသည်။

လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းတွင် ကွက်သစ်ကျေးရွာတွင် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သော ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းမှာ စီမံကိန်း ထောက်ပံ့ငွေ ကျပ် ၃၄,၅၀၀,၀၀၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး ကျေးရွာအတွင်းရှိ အိမ်ထောင်စု ၂၁၄ စုမှ လူဦးရေ ၁၃၅၂ ဦး အကျိုးခံစားနိုင်မည် ဖြစ်သည်။